Google က Generative AI ကို Maps မှာ ထည့်သွင်းပေးလိုက်ပါတယ်။ အခုဆိုရင် Google Maps မှာ AI စွမ်းရည် ပါလာပြီ ဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်မှ “Local Guides” တွေပဲ အသုံးပြုလို့ရပါသေးတယ်။

Google Maps မှာ AI ကို အသုံးပြုကာ သင်သွားချင်တဲ့ နေရာတွေကို ရှာဖွေနိုင်ပါပြီ။ သင်က နေရာတစ်ခုကို မေးလိုက်တာနဲ့ Google ရဲ့ Large-language Models က အကောင်းဆုံး အဖြေကို ပေးနိုင်ပါတယ်။

Google က Local Guides တွေရဲ့ AI စွမ်းရည်အပေါ် မှတ်ချက်ပေးမှုဟာ အနာဂတ်မှာ ကမ္ဘာအဝန်းမှာ ဖြန့်ချိဖို့အတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်မယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ Google Maps ရဲ့ AI စွမ်းရည်ဟာ Closed Beta အဆင့်ပဲ ရှိပါသေးတယ်။

Google Maps မှာ ပါတဲ့ AI စွမ်းရည်ဟာ သင်က တည်နေရာ တစ်ခုကို မေးလိုက်တာနဲ့ ဓါတ်ပုံ၊ Ratings နဲ့ Review အပါအဝင် ပြည့်စုံတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ရှာဖွေမှုရလဒ်တွေကို ကဏ္ဍတွေခွဲခြားကာ ပြသပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်က မေးခွန်းတစ်ခုမေးပြီးတာနဲ့ Follow-up မေးခွန်းတွေကို မေးနိုင်ပါတယ်။

Google Maps မှာ သင် မေးထားတဲ့ တည်နေရာတွေကို သိမ်းထားနိုင်သလို သူငယ်ချင်းတွေနဲ့ မျှဝေနိုင်ပါတယ်။ Google Maps ရဲ့ AI စွမ်းရည်ဟာ လက်ရှိမှာ အကန့်အသတ် ရှိနေသေးပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပိုမို အသုံးဝင်လာမှာပါ။

Ref : gsmarena