Google ဟာ ယခုနှစ်အောက်တိုဘာလအတွင်းမှာ ပုံမှန် Primary Sensor အပြင် Ultrawide Sensor ပါ ပါဝင်လာတဲ့ Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်တုန်းက Pixel 4 Series ဖုန်းတွေမှာ Ultrawide Sensor အစား Telephoto Sensor ပဲ ထည့်သွင်းထားတဲ့အတွက် ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Google ကနေ အဆိုပါ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေရဲ့ Ultrawide Sensor ကိုအသုံးပြုမယ်ဆိုရင် Camera Feature တစ်ခုကို အသုံးပြုခွင့်ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။ ဒါကတော့ Astrophotography Mode ပဲဖြစ်ပြီး အခုအချိန်မှာ Primary Sensor ကိုပဲ အသုံးပြုပြီး ရိုက်ကူးနိုင်တော့မှာဖြစ်ပါတယ်။

Google ရဲ့ Astrophotography Mode Feature ဟာ Pixel 4 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပြီး ဖုန်းကို ညဘက်အလင်းရောင်အားနည်းတဲ့အချိန်မှာ Tripod သို့မဟုတ် တစ်နေရာမှာထောင်ထားပြီး မိနစ်ပိုင်းခန့် Long Exposure ရိုက်ကူးနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ပုံမှန် Long Exposure တွေနဲ့မတူညီတဲ့အချက်ကတော့ AI ကနေ ပြန်ပြီး Optimized ပြုလုပ်ထားတာဖြစ်တဲ့အတွက် Star Trails လိုမျိုး ဓါတ်ပုံတွေအစား အရည်အသွေးကောင်းမွန်တဲ့ ညဘက်ဓါတ်ပုံတွေကို ထုတ်ပေးနိုင်တာဖြစ်ပါတယ်။

Google ကတော့ ဘာကြောင့်အခုလိုမျိုး Astrophotography Feature ကို Ultrawide Sensor တွေအတွက် ဖယ်ရှားလိုက်သလဲဆိုတာကို ပြောကြားခြင်းမရှိခဲ့ပေမယ့် ဖြစ်နိုင်တာကတော့ Quality Issue ကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပုံမှန် Night Mode ဖြစ်တဲ့ Night Sight Feature မှာတော့ Ultrawide Sensor ကိုအသုံးပြုနိုင်သေးတဲ့အတွက် တခြားသောစမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့ Ultrawide Night Photo တွေကို ဆက်လက်ရိုက်ကူးနိုင်ဦးမှာပါ။

Ref – 9to5Google