Google ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းက Google I/O 2019 မှာ Android 10 ရဲ့ Feature တစ်ခုဖြစ်တဲ့ Live Caption Feature ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Live Caption Feature ဟာ Video တွေ၊ Audio File တွေအကုန်လုံးကို Offline အနေနဲ့ စာတန်းထိုးပေးတဲ့ Feature တစ်ခုဖြစ်ပြီး တော်တော်လေးကို အသုံးဝင်တယ်လို့ ပြောရမှာပါ။

ဒါပေမယ့်လည်း Android 10 မှာ Live Caption Feature ပါဝင်လာပေမယ့် လောလောဆယ်အသုံးပြုနိုင်တဲ့ Android Device တွေထဲမှာ Google Pixel ဖုန်းတွေကလွဲရင် Samsung Galaxy S20 Series ပဲရှိသေးတဲ့အတွက် Live Caption Feature ဟာ Android 10 ရရှိတဲ့ဖုန်းတိုင်းမှာ ထည့်သွင်းဖို့မလွယ်ကူတဲ့ပုံစံပါပဲ။

အခုအချိန်မှာတော့ Android 10 မှာတင်မဟုတ်ဘဲ လက်ရှိလူသုံးအများဆုံး Web Browser ဖြစ်တဲ့ Google Chrome မှာလည်း အဆိုပါ Live Caption Feature ကို အသုံးပြုနိုင်တော့မယ့်ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Google Chrome Web Engine Website ဖြစ်တဲ့ Chromium Gerrit မှာ Speech On-Device API (SODA) Service ကို စတင်တွေ့လာရတာကြောင့်ပဲဖြစ်ပါတယ်။

အဆိုပါ SODA ဟာ Google ရဲ့ Speech Team ကနေ Live Transcription တွေအတွက်အသုံးပြုတဲ့ Service တစ်ခုဖြစ်ပြီး Android 10 မှာပါဝင်တဲ့ Live Caption ကလည်း အဆိုပါ Service အပေါ်အခြေခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ YouTube ကနေ Video အများစုကို Auto Generated Caption ထည့်သွင်းပေးတယ်ဆိုပေမယ့် တိကျခြင်းသိပ်မရှိတဲ့အတွက် တခြားသော Website အများစုကတော့ Caption ထည့်သွင်းပေးခြင်းမရှိသေးပါဘူး။ တကယ်လို့သာ Google Chrome Browser မှာ Live Caption Feature ကို အသုံးပြုလာမယ်ဆိုရင် ဒါက Desktop Web Browsing ပိုင်းမှာ Caption ပါဝင်ခြင်းမရှိတဲ့ Audio နဲ့ Video File တွေကို ကြည့်ရှုနားထောင်တဲ့အချိန်မှာ သိသိသာာသာကို ပိုပြီးအဆင်ပြေလာစေမှာဖြစ်ပါတယ်။

Ref – Android Authority