Google ဟာ လက်ရှိအချိန်မှာ Chrome Web Browser ကို Version 85 Update ထုတ်ပေးလိုက်ပြီဖြစ်ပြီး Feature အသစ်တွေအပြင် အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာမယ်လို့ သိရပါတယ်။ ဒါကတော့ Profile Guided Optimization (PGO) အပြင် Tab Trottling လိုမျိုး Feature တွေကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။

အခုလိုမျိုး အဆင့်မြှင့်တင်ထားတဲ့အတွက် macOS နဲ့ Windows အတွက် Chrome 85 ဟာ ယခင်ထက် ၁၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါက Profile Guided Optimization ကြောင့်ဖြစ်ပြီး နောက်ဘက်မှာ Tabs နဲ့တခြားသော Program တွေကိုအသုံးပြုထားမယ်ဆိုရင်တောင်မှ ဖွင့်ထားတဲ့ Tabs တွေက ယခင်ထက် သိသိသာသာကို စွမ်းဆောင်ရည်ပိုင်းမှာ ထိခိုက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီလိုမျိုး Tab Throttling Feature ကို ထည့်သွင်းထားတဲ့အတွက် Loading Speed အပြင် Battery နဲ့ Memory Usage ပိုင်းမှာပါ ယခင်ကထက် ပိုပြီးသက်သာလာစေမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Tab Throttling Feature ဟာ Beta Version အနေနဲ့ စတင်စမ်းသပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် PDF Editor ကလည်း ယခင်ထက်ပိုပြီး Editing Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ Android Version အတွက် Web Page URL တွေကို QR Code အသုံးပြုပြီး မျှဝေနိုင်မှာလည်းဖြစ်ပါတယ်။

အဆိုပါ Improvement တွေအပြင် Google Chrome မှာ Tabs တွေကို Group ဖွဲ့ထားနိုင်တဲ့ Tabs Grouping Feature အပြင် Tap Previews တွေကိုပါ Beta အနေနဲ့ ထည့်သွင်းသွားဖို့ရှိနေတာဖြစ်ပါတယ်။ ဒါတွေက Chrome Browser ကိုလက်ရှိထက်ပိုပြီး ကောင်းမွန်လာစေမှာပါ။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ Chromium Web Engine ကိုပဲ အသုံးပြုထားတဲ့ Microsoft Edge Browser ကလည်း Feature အသစ်တွေအများအပြားထည့်သွင်းနေတာဖြစ်တဲ့အတွက် Google Chrome အနေနဲ့လည်း နောက်ပိုင်းမှာ ပိုပြီးအဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာဖွယ်ရှိနေပါတယ်။

Ref – XDA-Developers