Android အတွက် Google Chrome မှာ နောက်ဆုံး ၁၅ မိနစ်အတွင်း ရှာဖွေမှုမှတ်တမ်းတွေကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ ဖျက်ပစ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထုတ်ပေးတော့မယ်လို့ သိရပါတယ်။ ဒါဟာ Browsing History တွေကို ပြန်ပြန်ဖျက်ရမှာ မေ့တဲ့သူ၊ ပျင်းတဲ့သူတွေအတွက်တော့ အတော်လေး အဆင်ပြေစေမဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။

၂၀၂၁ ခုနှစ်မှာ Google ဟာ Google app ကတစ်ဆင့် ၁၅ မိနစ်စာ Account history ကို ဖယ်ရှားနိုင်တဲ့ စွမ်းရည်ကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ ပထမလ အနည်းငယ်အတွင်း Android ကို ရောက်ရှိလာတဲ့ ဒီလုပ်ဆောင်ချက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အကောင့်ဆက်တင်တွေကတစ်ဆင့် ရှာဖွေတာအစားတခြားအကောင့်လုပ်ဆောင်ချက်တွေနဲ့ History ကို ရှင်းလင်းနိုင်တာ ဖြစ်ပါတယ်။

အခုတော့ Google ဟာ ၁၅ မိနစ်အတွင်း ရှာဖွေမှုမှတ်တမ်းတွေ ဖျက်နိုင်တဲ့စွမ်းရည်ကို Google Chrome Android version အတွက် သေချာပေါက် ယူဆောင်ပေးလာတော့မှာ ဖြစ်ပါတယ်။ ChromeStory မှာတွေ့ရတဲ့ Android အတွက် Google Chrome ရဲ့ Flag သစ်က သုံးစွဲသူတွေကို “သူတို့ရဲ့ နောက်ဆုံး ၁၅ မိနစ် ဒေတာကို အမြန်ဖျက်ပစ်ဖို့” စွမ်းဆောင်စေနိုင်မဲ့ အင်္ဂါရပ်ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ Chrome Menu မှာ ဒီအင်္ဂါရပ်ကို ရှာနိုင်မှာဖြစ်ပြီး အမြန်ဖျက်နိုင်တဲ့ ရွေးချယ်မှုအသစ်တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ ဒီ Feature ကို ပွဲဦးထွက်အဖြစ် Android Chrome မှာပဲ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ iOS ဒါမှမဟုတ် Desktop တွေမှာလည်း ရလာမယ်၊ မရလာဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: 9To5Google