Google ဟာ ပြီးခဲ့တဲ့ Android 9 Pie နဲ့အတူ System Wide Dark Theme ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Google Apps တွေအပြင် တခြားသော App တွေအများအပြားကလည်း Dark Theme ကို Support ပြုလုပ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းအထိ Google ရဲ့ Microsoft Office နဲ့အပြိုင်ထုတ်လုပ်ထားတဲ့ Productive Software တွေဖြစ်တဲ့ Google Docs ၊ Sheets နဲ့ Slides Application တွေကတော့ Dark Theme ကို အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ဒါကလည်းပြောင်းလဲသွားတော့မှာဖြစ်ပြီး 9to5Google ရဲ့ ဖော်ပြချက်အရ နောက်ဆုံး Docs App မှာ Dark Theme ကို Support ပေးနိုင်မယ့် Code String ပါဝင်လာပြီလို့ သိရပါတယ်။

အဲ့ဒီအတွက် Google Docs လိုမျိုးမှာ စာရိုက်မယ်ဆိုရင် ပုံမှန်အဖြူရောင်အပြင် Dark Theme ကိုပါ ရွေးချယ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါက ညဘက်စာရိုက်တတ်တဲ့သူတွေအတွက် ယခင်တုန်းကလိုမျိုး Background Color ကို အမည်းရောင်ထားပြီး စာရိုက်နေရတာထက် အများကြီးပိုအဆင်ပြေသွားမှာပါ။

ဒါတင်မဟုတ်သေးဘဲ Docs အပြင် Google Slides နဲ့ Sheets တို့မှာလည်း Dark Theme Option ပါလာမှာဖြစ်ပြီး Document Editor အတွက်ပါ Dark Theme ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ယခု Dark Theme ဟာ App Version 1.20.242.2 နဲ့အထက်ရှိဖို့လိုအပ်မှာဖြစ်ပြီး Server Side Update ဖြစ်တဲ့အတွက် လောလောဆယ်မှာတော့ လူတိုင်းအသုံးပြုနိင်မှာမဟုတ်သေးပါဘူး။

Ref – XDA-Developers