Google ဟာ Android App တွေကို ဖြန့်ဖြူးရာမှာ “လက်ဝါးကြီးအုပ်တယ်၊ မတန်တဆ အခကြေးငွေတွေ ကောက်ခံတယ်” ဆိုပြီး စွပ်စွဲခံထားရပါတယ်။ အခုတော့ US မှာ တရားစွဲဆိုခံရတဲ့ ဒီအမှုအတွက် ဒေါ်လာ သန်း ၉၀ ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

Google ကို တရားစွဲထားတာကတော့ Developer တွေကို လျော်ကြေးပေးဖို့ ရန်ပုံငွေထူထောင့်မဲ့ ဥပဒေကုမ္ပဏီ Hagens Berman လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၇ ရက်ကစပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကြားမှာ နှစ်စဉ် ဝင်ငွေ ဒေါ်လာ ၂ သန်းအောက်ရှိတဲ့ US Developer တွေ (Play store ပေါ်က ခန့်မှန်းခြေ Developers တွေရဲ့ ၉၉%) ဟာ လျော်ကြေးငွေကို လက်ခံထိုက်တဲ့ အကြောင်းအချက်တွေနဲ့ ပြည့်စုံတယ်လို့ သိရပါတယ်။

လျော်ကြေးပမာဏအတိအကျကတော့ ကိစ္စတစ်ခုချင်းစီအလိုက် ကွဲပြားမှာဖြစ်ပြီး အနိမ့်ဆုံးက ဒေါ်လာ ၂၅၀ ဖြစ်ပြီး အများဆုံး ထိခိုက်ခံစားရသူတွေက ဒေါ်လာ ၂ သိန်းကျော် ရရှိနိုင်တာ ဖြစ်ပါတယ်။ ငွေကြေးကတော့ ဒီကိစ္စရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Google Play Store က Developer တွေဆီကနေ ၃၀% ဖြတ်တောက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ Application ရောင်းချမှုကတစ်ဆင့် Developer ရရှိတဲ့ ပထမ ဒေါ်လာ ၁ သန်းမှာ ၁၅% ကိုပဲ ရယူမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ App တွေ (E-books, music နဲ့ video streaming) တွေကို Subscription fees ၁၅% အထိ၊ အချို့ဆို ၁၀% အထိ လျှော့ချခဲ့ပါတယ်။ ဒီလိုလျှော့ချမှုဟာ အနည်းဆုံး ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Google ဟာ အမှီအခိုကင်းတဲ့ Developers တွေနဲ့ Startups တွေက App တွေကို အသားပေးဖော်ပြမဲ့ Play Store ရဲ့ ပင်မစာမျက်နှာမှာ “Indie Apps Corner” မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ Developers တွေဟာ သုံးစွဲသူတွေကို Apps က တစ်ဆင့်သာမက၊ (ဥပမာ Email ကတစ်ဆင့်) တိုက်ရိုက် ဆက်သွယ်နိုင်ခွင့်ရှိတာကို ရှင်းလင်းပြတ်သားစွာ သိရှိဖို့ Developer Distribution Agreement ကို Update လုပ်မယ်လို့ သိရပါတယ်။

ဒါ့အပြင် Google ဟာ နှစ်စဉ် ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွေကို ထုတ်ဝေဖို့သဘောတူထားပြီး App တွေကို ဘာကြောင့်ဖယ်ရှားခဲ့ရကြောင်းနဲ့ Software ရေးသူ Account တွေကို ဘာကြောင့်ရပ်ဆိုင်းရကြောင်း အသေးစိတ်ဖော်ပြမယ်လို့ သိရပါတယ်။

Ref: GSM Arena