Google Chrome ဟာ လက်ရှိအချိန်မှာ လူအသုံးပြုမှုအများဆုံး Web Browser ဆိုပြီး ပြောနိုင်ပါတယ်။ ဒါက PC အပြင် စမတ်ဖုန်းတွေ၊ အထူးသဖြင့် Android ဖုန်းတွေအတွက်လည်း မှန်ကန်နေမှာဖြစ်ပါတယ်။

ဒီလိုမျိုး အသုံးပြုသူများပြားနေတဲ့ Google ကနေ Android ဖုန်းတွေအတွက် Chrome App မှာ Feature အသစ်တစ်ခုကို ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။ ဒါကတော့ Web Browsing ပြုလုပ်တဲ့အချိန်မှာ ပုံမှန်အတိုင်းထက် Chrome မှာပါဝင်တဲ့ Feature တွေအတွက် Video Tutorial Feature တွေကို ထည့်သွင်းလာမှာပါ။

လောလောဆယ် Chrome App ကို Stable Version အသုံးပြုနေတဲ့သူတွေကတော့ အဆိုပါ Video Tutorial တွေကို တွေ့ရဦးမှာမဟုတ်သေးဘဲ Chrome Dev နဲ့ Canary Channel တွေမှာပဲ “#video-tutorials” ဆိုတဲ့ Flag တစ်ခုပါဝင်လာတာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ Google ကနေ အဆိုပါ Feature ကို စမ်းသပ်နေဆဲလို့ ယူဆရပါတယ်။

ဒီ Video Tutorials Feature တွေကို အသုံးပြုမယ်ဆိုရင် Webpage တွေကို အသံထွက်နားထောင်နိုင်မယ့် Feature တွေ၊ App အသစ်တွေကို ရှာဖွေနိုင်မယ့်နည်းလမ်းတွေကို စက္ကန့် ၃၀ အောက်ပဲရှိတဲ့ Video အတိုလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါက အခုမှစတင်ပြီး အသုံးပြုတဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တွေဖြစ်လာနိုင်ပါတယ်။

Ref – Android Police