Google ဟာ လက်ရှိအချိန်မှာ Android ဖုန်းတွေအချင်းချင်း File Transfer ပြုလုပ်နိုင်တဲ့ Nearby Share Feature ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဆိုပါ Nearby Share Feature ဟာ Android OS မှာပါဝင်တဲ့ Feature တစ်ခုဖြစ်တာကြောင့် App သီးသန့် ထည့်သွင်းဖို့မလိုအပ်သလို အသုံးပြုရတာလည်း အလွန်လွယ်ကူတာကြောင့် အောင်မြင်လာတဲ့ Feature တစ်ခုဖြစ်ပါတယ်။

ဒီလိုမျိုးပဲ Android မှာ Bluetooth Earbuds တွေ၊ Headphone တွေနဲ့ ချိတ်ဆက်ဖို့ လွယ်ကူစေတဲ့ Fast Pair Feature ဟာလည်း အလားတူအသုံးများတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒီ Fast Pair ဟာ စစခြင်းချိတ်ဆက်မှုကို ပိုပြီး လွယ်ကူစေသလို နောက်ပိုင်းမှာလည်း တခြားသော တူညီတဲ့ Google Account Sign-in ဝင်ရောက်ထားတဲ့ Android Device တွေမှာ ပြောင်းလဲအသုံးပြုဖို့ ပိုပြီး လွယ်ကူနေပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ ဒီလိုမျိုး Android မှာရရှိနိုင်တဲ့ Nearby Share နဲ့ Fast Pair Feature တွေကို Windows PC တွေဆီကို ယူဆောင်လာတော့မယ်လို့ သိရပါတယ်။ တရားဝင်မိတ်ဆက်မယ့်အချိန်ကိုတော့ တရားဝင်မသိရသေးပေမယ့် ယခုနှစ်အတွင်းမှာရရှိလာမှာဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ HP နဲ့ Acer Laptop တွေမှာ စတင်ရရှိသွားမယ်လို့ သိရပါတယ်။

Nearby Share ဟာ File Transfer ပြုလုပ်ဖို့အတွက် Bluetooth အပြင် Wi-Fi Network ကိုပါ အသုံးပြုမှာဖြစ်ပြီး File Transfer Speed အနေနဲ့လည်း Android ဖုန်းအချင်းချင်းအသုံးပြုတာနဲ့ တူညီမယ်လို့ ယူဆရပါတယ်။ Google ဟာ Intel နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပြီးတော့ ဘယ်လိုမျိုး လိုအပ်မှုတွေရှိမလဲဆိုတာကိုတော့ အတိအကျဖော်ပြခဲ့ခြင်းမရှိပါဘူး။

Microsoft ဟာ Windows PC အတွက် Android ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် Your Phone App ကို ထည့်သွင်းပေးထားပေမယ့် File Transfer ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ဒီလိုမျိုး Nearby Share Feature ဟာ တကယ်ကို အသုံးဝင်တဲ့ Feature ဖြစ်လာနိုင်ပါတယ်.

Ref – 9to5Google