April Fool’s Day ဟာ လာမယ့် ဧပြီလ ၁ ရက်နေ့ဆိုရင် ရောက်ရှိလာတော့မှာပါ။ ပုံမှန်ဆိုရင် ဒီလိုမျိုး April Fool’s Day ကို နည်းပညာကုမ္ပဏီတွေအများစုအပြင် လူတိုင်းလိုလို ပျော်စရာ စနောက်တဲ့ Post တွေ၊ အစီအစဥ်တွေကိုပြုလုပ်တတ်ကြပါတယ်။

အဲ့ဒီထဲမှာ Google ကလည်း အကြီးမားဆုံးပါဝင်ခဲ့ပြီး နှစ်တိုင်း April Fool’s Day မှာ မရိုးရတဲ့ အပြောင်အပျက် အစီအစဥ်တွေ၊ ဟာသတွေကို ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Google ကနေ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် April Fool’s Day ကို ပြုလုပ်ဖို့မသေချာတော့တဲ့ပုံစံပါပဲ။

အခုသတင်းကိုတော့ Google ရဲ့ Marketing Boss ဖြစ်တဲ့ Lorraine Twohill ကနေ ကုမ္ပဏီတွင်းပေးပို့တဲ့ Email ကနေ သိရှိခဲ့ရတာဖြစ်ပြီး Google အနေနဲ့ ယခုနှစ်မှာ April Fool’s Day ကို ပုံမှန်အတိုင်းပဲ ဘာအစီအစဥ်မှပြုလုပ်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Google ဟာ ၂၀၀၀ ခုနှစ် အစောပိုင်းကာလတွေထဲက April Fool’s Day ဟာသမျိုးစုံဖြစ်တဲ့ Fake Product Announcement တွေ၊ Hidden Game တွေ၊ Online Treasure Hunt တွေအပြင် ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကလည်း Google Maps မှာ Pokemon အကောင်တွေကိုပါ ဝှက်ထားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Google အနေနဲ့ COVID-19 အပေါ်မှာ အလေးအနက်ထားပြီး ဆောင်ရွက်နေတာဖြစ်ပြီး Google I/O Event ကို ဖျက်သိမ်းတဲ့အပြင် Hangouts Meet ကို အခမဲ့ပေးသုံးတာမျိုး၊ အလှုုငွေ ဒေါ်လာ သန်း ၈၀၀ အထိ ထည့်ပေးတာမျိုးတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

Ref – Android Police