Google Drive ဟာ လက်ရှိအချိန်မှာ လူအသုံးပြုမှုအများဆုံး Cloud Storage Service တစ်ခုဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့်လည်း Google Drive ထဲမှာ Folder တွေ၊ File တွေကို အများအပြားသိမ်းထားမိတယ်ဆိုရင် ပြန်ပြီးရှာဖွေဖို့က ခက်ခဲနေတုန်းပဲဖြစ်ပါတယ်။

ဒါကလည်း Google Drive ဟာ Cloud Storage အနေနဲ့တင် မဟုတ်ဘဲ Google Docs ၊ Google Slides နဲ့ Google Sheet လိုမျိုး Office နဲ့သက်ဆိုင်တဲ့ G Suite File တွေပါ ပါဝင်နေတာကြောင့်လည်းဖြစ်ပါတယ်။ တခြားသောသူတွေက Shared Folder အနေနဲ့ Share ထားတဲ့ File တွေကလည်း တစ်ခါတလေမှာ ရှုပ်ထွေးနေတတ်ပါသေးတယ်။

အဲ့ဒါကြောင့် Google ကနေ အခုအချိန်မှာ File တွေကို ရှာဖွေမှုကို ပိုပြီးလွယ်ကူမြန်ဆန်စေဖို့အတွက် Search Filter တွေကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ အရင်ဆုံးအနေနဲ့ Beta Test အနေနဲ့ စတင်မှာဖြစ်ပြီး ပုံမှန် Search Bar ရဲ့ အောက်ခြေမှာ “Search Chips” ဆိုတဲ့ Feature ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

အဆိုပါ “Search Chips” တွေမှာ ကိုယ့်ရဲ့ Drive ထဲက File တွေလား၊ Shared ထားတဲ့ File တွေလား ရွေးချယ်နိုင်သလို File Type ၊ People ၊ Last Modified နဲ့ Tasks ဆိုပြီး စီစစ်ပြီး ရှာဖွေနိုင်တော့မှာဖြစ်ပါတယ်။ ဒါက လက်ရှိ Google Drive နဲ့ ယှဥ်ရင် အများကြီးကို ပိုကောင်းလာတာဖြစ်ပါတယ်။

လောလောဆယ်မှာ Google ကနေ အဆိုပါ Search Chips Feature ကို Google Workspace အသုံးပြုသူတွေကို အရင်ဆုံးထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကြိုပြီး စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်လည်း ယခု Link ကနေတစ်ဆင့် Sign-up ပြုလုပ်နိုင်မှာပါ။

Ref – The Verge