Google ကနေ ပြီးခဲ့တဲ့လတုန်းထဲက Google Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေရဲ့ Design အပြင် ကိုယ်ပိုင် Google Tensor Chip ကို အသုံးပြုလာမယ်ဆိုတာကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google ကနေ အဆိုပါ Pixel 6 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။

Google ရဲ့ ကြေညာချက်အရတော့ Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေဟာ လာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး အချိန်အနေနဲ့ကတော့ 10AM PST (မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ) ဖြစ်ပါတယ်။ Google ကတော့ Pixel Fall Launch ဆိုပြီး နာမည်တပ်ထားပြီး Pixel 6 နဲ့ Pixel 6 Pro အပါအဝင် တခြားသော ဘယ်လိုမျိုး Product တွေပါဝင်လာဦးမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Pixel 6 ဖုန်းတွေမှာ အသုံးပြုလာမယ့် Google Tensor Chip ဟာလည်း စိတ်ဝင်စားဖို့ကောင်းနေပြီး လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Qualcomm Snapdragon နဲ့ MediaTek Chipset တွေနဲ့ တည်ဆောက်ပုံမတူညီတာကြောင့် စွမ်းဆောင်ရည်ပိုကောင်းလာမလား၊ ပိုလျော့မလားဆိုတာကလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Pixel 6 ဖုန်းတွေဟာ Android 12 OS နဲ့ ပထမဆုံးထွက်ရှိလာမှာလည်းဖြစ်သလို Pixel Exclusive Feature အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Google ဟာ Foldable Phone ကိုလည်း မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေထွက်ရှိနေပြီး Android 12.1 OS ကိုလည်း အဆိုပါ Foldable Phone အတွက် သီးသန့်ထုတ်လုပ်ဖို့ စီစဥ်နေတယ်လို့လည်း သတင်းတွေထွက်ရှိနေပါတယ်။ ဒါပေမယ့်လည်း လာမယ့် Pixel Fall Launch Event မှာ Pixel Fold ကိုပါ မိတ်ဆက်သွားဖို့ကတော့ ဖြစ်နိုင်ခြေနည်းနေပါသေးတယ်။

Ref – The Verge