Google  ရဲ့ အမှုဆောင်အရာရှိချုပ်(CEO) ဆွန်ဒါပီချိုင်း (Sundar Pichai) ဟာ ဒေါ်လာ ၆၉၂ သန်းအထိ တန်ကြေးရှိနိုင်တဲ့ လုပ်ခလစာ ပက်ကေ့ချ်အသစ်ကို ရရှိခဲ့ပါတယ်။ အဲဒီ သုံးနှစ်စာ သဘောတူညီချက်အရ သူ့ကို ကမ္ဘာ့လစာအများဆုံး အမှုဆောင်အရာရှိတွေထဲက တစ်ဦးဖြစ်လာစေမှာဖြစ်ပေမယ့် လစာအများစုကတော့ Waymo နဲ့ Wing တို့လို လုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်နေပါတယ်။

Google CEO Sundar Pichai

စိတ်ဝင်စားစရာကောင်းတာကတော့ Google ကို စတင်တည်ထောင်ခဲ့သူတွေနဲ့ ယှဉ်ရင် ပီချိုင်းအပေါ် လူထုရဲ့ စိတ်ဝင်စားမှုက သိပ်မရှိလှတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယနဲ့ စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေဖြစ်တဲ့ လယ်ရီပေ့ချ် (Larry Page) နဲ့ ဆာဂေးဘရင် (Sergey Brin) တို့ကတော့ လတ်တလောမှာ ကွဲပြားတဲ့ အကြောင်းပြချက်တစ်ခုနဲ့ သတင်းခေါင်းစဉ်တွေမှာ နေရာယူနေကြပါတယ်။

Google CEO Sundar Pichai signs salary deal worth up to $692 million | Sweden Herald

သူတို့နှစ်ဦးစလုံးဟာ ကယ်လီဖိုးနီးယားပြည်နယ်က အဆိုပြုထားတဲ့ ဘီလီယံနာအခွန်ဥပဒေကို ရှောင်လွှဲဖို့အတွက် မိုင်ယာမီမှာရှိတဲ့ တန်ဖိုးကြီး အိမ်ခြံမြေတွေကို အလုအယက် ဝယ်ယူနေကြပါတယ်။ ပေ့ချ်က ဖလော်ရီဒါမှာရှိတဲ့ စံအိမ်နှစ်လုံးအတွက် ဒေါ်လာ ၁၇၃ သန်းကျော် သုံးစွဲခဲ့ပြီး ဘရင်ကလည်း ဒေါ်လာ ၅၁ သန်းတန် အိမ်ကြီးတစ်လုံးကို ဝယ်ယူခဲ့သလို အရင်ကလည်း ဒေါ်လာ ၉၂ သန်းတန်ဖိုးရှိတဲ့ အိမ်နှစ်လုံးကို ဝယ်ယူခဲ့ဖူးပါတယ်။

အဲဒီလို တည်ထောင်သူတွေ ပြောင်းရွှေ့နေကြပေမယ့် ပီချိုင်းကတော့ ကယ်လီဖိုးနီးယားက လော့စ်အယ်လ်တော့စ်မှာပဲ ဆက်လက် နေထိုင်နေပါတယ်။ သူဟာလည်း ဘီလီယံနာတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်ကစလို့ Google ရဲ့ ဈေးကွက်တန်ဖိုး ၇ ဆနီးပါး တက်လာတဲ့အတွက် သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေဟာလည်း တန်ဖိုးအရမ်းမြင့်မားလာကာ လက်ရှိမှာ သူနဲ့သူ့ဇနီးတို့ဟာ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားကြပါတယ်။

Ref: Techcrunch