ဆော့ဖ်ဝဲ ဂုရုကြီး Google က Mobile Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီထဲက သိပ်အသုံးမဝင်တဲ့ App တွေကိုလည်း ရပ်နားခဲ့ပါတယ်။ အခုတော့ အဆုံးသတ်လိုက်တဲ့ App စာရင်းမှာ Trusted Contacts ပါဝင်လာပါပြီ။ အဲဒီ App ကို ၂၀၁၆ ခုနှစ်က စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး သင့် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တည်နေရာကို မျှဝေနိုင်ပါတယ်။ အဲဒီနောက်ပိုင်း နှစ်တွေအတွင်းမှာ လုပ်ဆောင်ချက် အသစ်တွေကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီ App ကို သင့် ဖုန်းမှာ ထည့်ထားတယ်ဆိုရင် ဆက်သုံးလို့ရနေမှာ ဖြစ်ပေမယ့် အကြာကြီး မရတော့ပါဘူး။

Google's Trusted Contacts app lets people know you're safe | Engadget

ဒီဇင်ဘာလ ၁ ရက်နေ့အထိ သုံးလို့ရဦးမှာ ဖြစ်ပေမယ့် ခုမှစသုံးမယ့် သူတွေအတွက် Apple App Store နဲ့ Google Play Store ၂ ခုစလုံးမှာ မရှိတော့ပါဘူး။ သင့်ရဲ့ Trusted Contacts စာရင်းကို Download လုပ်ချင်ရင် ဒီဝက်ဘ်ဆိုက်ကို သွားပါ။

How To Use Google Trusted Contacts • Technobezz

အဲဒီ App ဟာ တော်တော် အသုံးဝင်ခဲ့ပါတယ်။ အထူးသဖြင့် သင့် မိသားစုဝင်တွေ၊ ချစ်ခင်နှစ်သက်သူတွေ အန္တရာယ် ကင်းသလားဆိုတာ စောင့်ကြည့်နိုင်ပါတယ်။ Google က တည်နေရာ မျှဝေတဲ့ လုပ်ဆောင်ချက်အတွက် Google Maps ကို ပြောင်းသုံးဖို့ အကြံပေးထားပါတယ်။ Google Trusted Contacts App ကို ခုမှ မြည်းစမ်းချင်ပါတယ် ဆိုသူတွေအတွက် APK Mirror မှာ ရယူနိုင်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာတော့ သုံးလို့ မရတော့ပါဘူး။

Ref : androidpolice