Google က နိုင်ငံ ၁၄ ခုအတွက် Stadia Gaming Streaming Platform မှာ Gmail အကောင့်နဲ့ အခမဲ့ Sign Up လုပ်ခွင့်ပေးခဲ့သလို အခုလည်း Pro Subscribers တွေအတွက် ၂ လ အခမဲ့ သုံးခွင့်ပေးလိုက်ပါတယ်။ အရင်ကတော့ Google Stadia ကို သုံးချင်ရင် ဒေါ်လာ ၁၃၀ တန် Premiere Edition လိုအပ်ပြီး Wireless Stadia Controller , 4K Chromecast Ultra နဲ့ Stadia Pro ၃ လ သက်တမ်းတွေပါပါတယ်။

Google Stadia ကို အခမဲ့ သုံးရင် 1080p 60fps နဲ့ ကန့်သတ်ထားပြီး Pro မှာ 4K 60fps အထိ ထောက်ပံ့ထားပါတယ်။ Google က ကိုရိုနာ ဗိုင်းရက်စ် ကာလမှာ တစ်ကမ္ဘာလုံး Bandwidth သုံးတာများနေတဲ့အတွက် Stadia Pro မှာ Default Resolution အနေနဲ့ 1080p ကို သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် Users တွေက 4K ပြောင်းနိုင်ပါတယ်။

Stadia ရတဲ့ နိုင်ငံတွေမှာ အခမဲ့ သုံးချင်ရင် Google အကောင့်နဲ့ Sign Up လုပ်နိုင်ပြီး သင့် ကိုယ်ပိုင် Gaming Controller , Mouse , Keyboard တွေနဲ့ ကစားနိုင်ပါတယ်။ ကစားချင်တဲ့ ဂိမ်းကို ဝယ်ယူဖို့ လိုအပ်ပြီး Stadia မှာပဲ ကစားနိုင်မှာဖြစ်ပါတယ်။ အဲဒီ ဂိမ်းကို 1080p နဲ့ အချိန် အကန့်အသတ် မရှိ ကစားနိုင်ပါတယ်။

Ref : gsmarena