Google က သူတို့ရဲ့ အဆင့်အမြင့်ဆုံး AI မော်ဒယ်ဖြစ်တဲ့ Gemini 3 ကို အင်္ဂါနေ့ (နိုဝင်ဘာ ၁၈ ရက်) က တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Google's New Gemini 3 AI Crushed OpenAI and Anthropic in a Benchmark Test  for Business Operations

Gemini 3 ဟာ Multimodal (စာ၊ ပုံ၊ အသံ စုံလင်စွာ နားလည်နိုင်မှု) ပိုင်းမှာ ကမ္ဘာ့အကောင်းဆုံး မော်ဒယ်ဖြစ်တယ်လို့ Google CEO Sundar Pichai က ပြောပါတယ်။ ဒီမော်ဒယ်သစ်ဟာ အရင်ထွက်ထားတဲ့ Gemini မော်ဒယ်တွေထက် ပိုပြီး ရှုပ်ထွေးတဲ့ ပြဿနာတွေကို စဉ်းစားတွေးခေါ်နိုင်စွမ်း (Reasoning) ရှိလာသလို၊ Coding ရေးရာမှာလည်း ပိုမို ကောင်းမွန်လာတယ်လို့ သိရပါတယ်။

Gemini 3 Pro AI Review, Multimodal Reasoning and Agent Skills - Geeky  Gadgets

ထူးခြားချက်ကတော့ Gemini 3 ကို Google Search မှာ “AI Mode” အနေနဲ့ ချက်ချင်း ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Gemini App ၊ AI Studio နဲ့ Vertex AI တွေမှာလည်း စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Developer တွေအတွက်လည်း “Google Antigravity” လို့ခေါ်တဲ့ Agentic Development Platform အသစ်တစ်ခုကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိမှာ Gemini 3 ကို အမေရိကန်နိုင်ငံက Google AI Pro နဲ့ Ultra အသုံးပြုသူတွေ စတင်သုံးစွဲနိုင်ပြီး မကြာခင်မှာ ကမ္ဘာတစ်ဝန်းကို ဖြန့်ချိသွားမယ့်အကြောင်း Google က ကြေညာထားပါတယ်။

Ref : Reuters