စာသားလေးတွေ ရိုက်ထည့်လိုက်ရုံနဲ့ စိတ်ကူးထဲက ပုံရိပ်တွေကို ဖန်တီးပေးနိုင်လို့ အခုတလော နာမည်အကြီးဆုံးဖြစ်နေတဲ့ Google ရဲ့ AI စနစ်ကို အဆင့်မြှင့်တင်ထားတဲ့ “Nano Banana 2” ကို ကြာသပတေးနေ့မှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။

ပထမဆုံးထွက်ခဲ့တဲ့ Nano Banana ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ စတင်ခဲ့ပြီး သုံးစွဲသူတွေကြားမှာ အတော်လေး ရေပန်းစားခဲ့သလို Gemini 3 Pro ကို အခြေခံထားတဲ့ Nano Banana Pro ကိုလည်း နိုဝင်ဘာလမှာ ဈေးကွက်ထဲ ဖြန့်ချိခဲ့ပါတယ်။

Nano Banana 2 Is Here: What Changed in Google's Popular AI Image Tool - CNET

အဲဒီ အသစ်ထွက်လာတဲ့ Nano Banana 2 ဟာ Gemini ကနေ အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက်တွေ ရယူနိုင်ပြီး ပိုပြီးတိကျတဲ့ ပုံဖော်မှုတွေ လုပ်ဆောင်ပေးနိုင်တယ်လို့ Google က ဆိုပါတယ်။ အရင်ကထက် ပိုမြန်ဆန်လာတဲ့အပြင် ညွှန်ကြားချက်တွေကို ပိုပြီးတိကျစွာ လိုက်နာနိုင်သလို ပုံထဲမှာ စာသားတွေကိုပါ သေသေချာချာ ထည့်သွင်းရေးဆွဲပေးနိုင်တဲ့အတွက် နှုတ်ခွန်းဆက်ကတ်တွေ ဒါမှမဟုတ် ဈေးကွက်ကြော်ငြာပုံစံတွေ ဖန်တီးတဲ့နေရာမှာ အရမ်းကို အဆင်ပြေစေမှာပါ။

သတင်းအချက်အလက် အမှန်ကန်ဆုံးနဲ့ အရည်အသွေးအမြင့်ဆုံး လိုအပ်တဲ့ လုပ်ငန်းတွေအတွက် Nano Banana Pro ကို ဆက်လက်အသုံးပြုနိုင်ပြီး Nano Banana 2 ကိုတော့ လျင်မြန်မှုနဲ့ တိကျတဲ့ ညွှန်ကြားချက်တွေအတွက် အဓိကထား အသုံးပြုသွားမှာပါ။

စာသားအနည်းငယ် ရိုက်ထည့်ရုံနဲ့ အဆင့်မြင့် ရုပ်ထွက်တွေ၊ ဗီဒီယိုတွေကို ဖန်တီးနိုင်တဲ့အတွက် အဲဒီလို AI ပုံနဲ့ ဗီဒီယို ဖန်တီးတဲ့ကိရိယာတွေဟာ သုံးစွဲသူတွေကြားမှာ တဟုန်ထိုး ရေပန်းစားနေပါတယ်။

Google Introduces Nano Banana 2

ဥပမာအနေနဲ့ OpenAI က ၂၀၂၄ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Sora ဆိုရင် အသုံးပြုသူ အရမ်းများလွန်းလို့ AI ပရိုဆက်ဆာတွေတောင် အရည်ပျော်မတတ် ဖြစ်ခဲ့ရတယ်လို့ CEO Sam Altman က ပြောခဲ့ဖူးသလို Adobe ကလည်း သူတို့ရဲ့ ဖန်တီးမှုကိရိယာတွေမှာ AI ကို ပိုမိုပေါင်းစပ်လာပါတယ်။

ဒါပေမယ့်လည်း အဲဒီလို AI ကိရိယာတွေ အသုံးများလာတာနဲ့အမျှ မူပိုင်ခွင့် ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖန်တီးရှင် ကုမ္ပဏီတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ByteDance ရဲ့ Seedance AI ဗီဒီယို ဖန်တီးမှုကိရိယာဟာ ဉာဏမူပိုင်ခွင့် ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး Disney နဲ့ Paramount အပါအဝင် နာမည်ကြီး ဟောလိဝုဒ် စတူဒီယိုတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုတွေကို ရင်ဆိုင်နေရပါတယ်။

Ref: cnbc