Google ကနေ နာမည်ဆန်းဆန်းနဲ့ စွမ်းဆောင်ရည်မြင့် AI Image Generator အသစ်ဖြစ်တဲ့ Nano Banana Pro ကို မိတ်ဆက်လိုက်ပါပြီ။ ဒီသတင်းက နည်းပညာလောကမှာ တော်တော်လေး ဟိုးလေးတကျော် ဖြစ်နေပါတယ်။

Google Gemini 3.0 Pro and Nano Banana Pro Release Next Week (Here's What to  Expect) | by Joe Njenga | AI Software Engineer | Nov, 2025 | Medium

ဒီမော်ဒယ်အသစ်အကြောင်း စိတ်ဝင်စားစရာ အချက်တွေကို အောက်ပါအတိုင်း အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်။

 

🛑နာမည်က ဘာလို့ Banana ဖြစ်နေတာလဲ

တကယ်တော့ ဒါဟာ Gemini 3 Pro Image မော်ဒယ်ဖြစ်ပါတယ်။ Google က သူ့ရဲ့ ပေါ့ပါးတဲ့ Image Model (Gemini 2.5 Flash Image) ကို “Nano Banana” လို့ နာမည်ပြောင် ပေးခဲ့ပြီး အခုထွက်လာတဲ့ အဆင့်မြင့် Pro ဗားရှင်းကိုတော့ Nano Banana Pro လို့ တရားဝင် ခေါ်ဆိုလိုက်တာ ဖြစ်ပါတယ်။ နာမည်က ရယ်စရာ ကောင်းပေမယ့် စွမ်းဆောင်ရည်ကတော့ လျှော့တွက်လို့ မရပါဘူး။

 

🛑ဘာတွေ ထူးခြားလာသလဲ

 

🔶စာလုံးပေါင်း မှန်ကန်လာခြင်း – အရင် AI တွေလို ပုံထဲက စာတွေကို ဝါးတားတား ဖြစ်နေတာမျိုး မဟုတ်ဘဲ၊ စာလုံးပေါင်း သတ်ပုံ မှန်မှန်ကန်ကန်နဲ့ ရှင်းလင်းစွာ ဖန်တီးပေးနိုင်လာပါပြီ။ Infographic တွေ၊ ဆိုင်းဘုတ်တွေ ဖန်တီးရာမှာ အတော်လေး အဆင်ပြေလာမှာပါ။

🔶Google Search နဲ့ ချိတ်ဆက်ထားခြင်း (Real-time Knowledge) – ဒါက အမိုက်ဆုံး အချက်ပါပဲ။ ဥပမာ – “လက်ရှိ နယူးယောက်မြို့ရဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ပုံစံမျိုး ဖန်တီးပေးပါ” လို့ ပြောလိုက်ရင် Google Search မှာ လက်ရှိ ရာသီဥတုကို အရင်သွားရှာပြီးမှ အဲဒီအချက်အလက်နဲ့ ကိုက်ညီတဲ့ ပုံကို ဖန်တီးပေးတာ ဖြစ်ပါတယ်။

🔶4K Resolution အထိ ရရှိခြင်း – ပုံထွက် အရည်အသွေးကို 4K အထိ ကြည်လင်ပြတ်သားစွာ ထုတ်ပေးနိုင်ပါတယ်။

🔶အသေးစိတ် ထိန်းချုပ်နိုင်ခြင်း – အလင်းအမှောင် (Lighting)၊ ကင်မရာ ယူဆချက် (Camera Angles) နဲ့ Depth of Field တွေကို ပရော်ဖက်ရှင်နယ် တစ်ယောက်လို အမိန့်ပေး ပြင်ဆင်ခိုင်းလို့ ရပါတယ်။

Google Nano Banana Pro image generator launched officially with Gemini 3  upgrade: What's new, where to find and how to use? - The Economic Times

🛑ဘယ်သူတွေ သုံးလို့ရမလဲ

Nano Banana Pro ကို Gemini App ၊ Google Workspace (Slides, Vids) နဲ့ NotebookLM တို့မှာ စတင် အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ Free User တွေအတွက် အကန့်အသတ်နဲ့ သုံးခွင့်ပေးထားပြီး အကန့်အသတ် ကုန်သွားရင်တော့ ရိုးရိုး Nano Banana မော်ဒယ်ကို ပြန်ပြောင်းသွားမှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ပုံကောင်းကောင်း ဖန်တီးချင်သူတွေ၊ ဒီဇိုင်းသမားတွေအတွက်တော့ ဒီ “ငှက်ပျောသီး” (Nano Banana Pro) က မရှိမဖြစ် လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Ref : gsmarena