ChatGPT ကို ဖန်တီးခဲ့တဲ့ OpenAI ကုမ္ပဏီက Google Chrome ကို တိုက်ရိုက် စိန်ခေါ်မယ့် search browser အသစ်တစ်ခုကို အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကြောင့် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ ဈေးကွက်တန်ဖိုးဟာ နာရီပိုင်းအတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ထိုးကျသွားခဲ့ပါတယ်။ OpenAI ရဲ့ ဆိုရှယ်မီဒီယာ X ပေါ်က ကြေညာချက်အပြီးမှာ Alphabet ရဲ့ ရှယ်ယာဈေးတွေ သိသိသာသာ ကျဆင်းသွားခဲ့ပြီး၊ ဈေးကွက် ပိတ်ချိန်မှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကထက် ၂.၃၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

OpenAI launches AI-powered ChatGPT Atlas browser to challenge Google |  South China Morning Post

အဲဒီ browser အသစ်ရဲ့ အမည်ကတော့ “ChatGPT Atlas” ဖြစ်ပြီး၊ ဒါဟာ ChatGPT ကို အခြေခံ တည်ဆောက်ထားတဲ့ AI-powered web browser တစ်ခု ဖြစ်တယ်လို့ OpenAI အကြီးအကဲ Sam Altman က ပြောပါတယ်။ အသုံးပြုသူတွေဟာ ဘယ် web page ကိုပဲ ရောက်နေသည်ဖြစ်စေ “Ask ChatGPT” ခလုတ်ကို နှိပ်ပြီး စာမျက်နှာကနေ မထွက်ဘဲ မေးခွန်းမေးတာ၊ အကျဉ်းချုပ်ခိုင်းတာတွေ လုပ်နိုင်မှာပါ။ ဒီ browser မှာ ChatGPT ရဲ့ memory (မှတ်ဉာဏ်) ကို ထည့်သွင်း တည်ဆောက်ထားတာကြောင့် ယခင် ပြောဆိုမှုတွေကို ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ဒီ browser မှာ “agent” mode ဆိုတဲ့ အဆင့်မြင့် feature တစ်ခုလည်း ပါဝင်ပါတယ်။ ဒီ feature ကတော့ အသုံးပြုသူရဲ့ ကိုယ်စား chatbot က အင်တာနက်ကို သူ့ဘာသာသူ ရှာဖွေပြီး အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ “Agent” mode ကိုတော့ လစဉ်ကြေးပေးရတဲ့ Plus ဒါမှမဟုတ် Pro သုံးစွဲသူတွေပဲ အသုံးပြုနိုင်မှာပါ။ Atlas browser ကိုတော့ Apple ကွန်ပျူတာတွေမှာ အခမဲ့ စတင် ရရှိနေပြီ ဖြစ်ပြီး Windows နဲ့ mobile device တွေဆီကိုလည်း အမြန်ဆုံး ယူဆောင်လာမယ်လို့ Mr. Altman က ပြောခဲ့ပါတယ်။

OpenAI unveils Atlas, a new AI-powered browser set to rival Google

OpenAI ရဲ့ ဒီခြေလှမ်းသစ်ဟာ Google အပေါ် ဖိအား ပိုများစေခဲ့ပါတယ်။ Emarketer မှ လေ့လာသုံးသပ်သူ Jacob Bourne က ဒါဟာ “AI ပြိုင်ပွဲ” မှာ နောက်ထပ် ခြေတစ်လှမ်း ဖြစ်ပြီး၊ နည်းပညာကုမ္ပဏီတွေဟာ သူတို့ရဲ့ AI ကို အင်တာနက် သုံးစွဲသူတွေအတွက် ပထမဆုံး ထိတွေ့ရာ မျက်နှာစာ ဖြစ်လာအောင် ကြိုးစားနေကြတာလို့ ဆိုပါတယ်။ OpenAI မှာ ကမ္ဘာတစ်ဝှမ်း သုံးစွဲသူ သန်း ၇၀၀ ခန့်ရှိတဲ့ ChatGPT ရဲ့ နာမည်ကြီးမှုကို အသုံးချပြီး user တွေဆီ ဝင်ရောက်နိုင်မယ့် အခွင့်အလမ်း ရှိပေမယ့်၊ Google မှာလည်း လက်ရှိ user ဘီလီယံပေါင်းများစွာကို ဝန်ဆောင်မှု ပေးနေတဲ့ ဧရာမ အခြေခံအဆောက်အအုံရဲ့ အားသာချက် ရှိနေဆဲ ဖြစ်ပါတယ်။

Ref : news.com