Google က COVID-19 ကပ်ရောဂါ ကာလမှာ စက်ဘီးစီးတဲ့ လမ်းကြောင်းတွေကို ပြသပေးတဲ့ လုပ်ဆောင်ချက်တွေကို Google Maps မှာ အသုံးပြုမှု အရမ်းများလာတယ်လို့ ပြောပါတယ်။ စက်ဘီးစီးတာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အသစ်တွေကို တောင်းဆိုမှုဟာ ၆၉ ရာခိုင်နှုန်းလောက် ပိုများလာပြီး အခုတော့ Google က User တွေ စိတ်ကျေနပ်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ အထင်ကရ မြို့ တချို့အတွက် စက်ဘီးစီးတာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ တည်နေရာ ညွှန်ပြမှုတွေကို ထည့်သွင်းပေးလိုက်ပါတယ်။ စက်ဘီး သမားတွေအတွက် တော်တော် အသုံးဝင်လာမှာပါ။

Google Maps 10.29.1 Beta Update is Now Available with New Incognito Mode | Feed Ride

Google ဟာ အဲဒီလုပ်ဆောင်ချက် အသစ်တွေအတွက်  AI Algorithm ၊ User တွေဆီက ဒေတာတွေနဲ့ ဒေသတွင်း အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ဒေတာတွေကို အသုံးပြုထားတာပါ။ တချို့ မြို့တွေအတွက် Google Maps မှာ စက်ဘီးစီးတဲ့ လမ်းကြောင်းတွေနဲ့ စက်ဘီးစီးလို့ အဆင်ပြေတဲ့ လမ်းတွေ၊ တည်နေရာတွေကို ပြသပေးထားပါတယ်။ စက်ဘီးနဲ့သွားလို့ရတဲ့ ဖြတ်လမ်းတွေကို ပြသပေးတာက အရမ်း မိုက်ပါတယ်။

Google Maps vs. Google Earth - Where lies the difference? » Gadget Flow

ဒါ့အပြင် Google Maps မှာ စက်ဘီးငှားလို့ရတဲ့ တည်နေရာတွေကို လမ်းညွှန်ပေးနိုင်လာပါတယ်။ ဒါဟာ ဘတ်စ်ကားဂိတ်လို အများပြည်သူ သယ်ယူပို့ဆောင်ရေး တည်နေရာတွေကို လမ်းညွှန်ပေးတာနဲ့ တူပါတယ်။ မြို့များစွာမှာ စက်ဘီးငှားတဲ့ ဝန်ဆောင်မှုတွေနဲ့ Google Maps မှာ ချိတ်ဆက်ထားတဲ့အတွက် ငှားရတာ ပိုအဆင်ပြေလာပါတယ်။

Ref : gsmarena