Google Meet ဟာ လက်ရှိအချိန်မှာ Zoom လိုမျိုးပဲ လူသုံးအများဆုံး Video Conferencing Service တစ်ခုဖြစ်ပါတယ်။ အခုလည်း Google Meet ကနေ အသုံးပြုသူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ Google Meet ကို Web Version App အနေနဲ့အသုံးပြုမယ်ဆိုရင် အလင်းရောင်နည်းပါတဲ့အခြေအနေတွေမှာ Webcam ရဲ့ အလင်းရောင်ကို အလိုအလျောက်တင်ပေးဖို့အတွက် ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Video Conferencing ပြုလုပ်တဲ့အချိန်မှာ Webcam က Auto Exposure မပါရင်တောင် အလင်းရောင်ကို စိတ်ကြိုက်ချိန်ညှိပေးသွားမှာပါ။

Google ဟာ အဆိုပါ Feature ကို Low-light Mode လို့နာမည်ပေးထားပြီး ပြီးခဲ့တဲ့နှစ်ထဲက Google Meet iOS နဲ့ Android App တွေမှာ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ Mobile App အတွက်ကတော့ အဆိုပါ Feature ကိုပိတ်ထားနိုင်တဲ့ Option ထည့်သွင်းထားတာကြောင့် အခု Web App မှာလည်း ပိတ်ထားနိုင်မယ်လို့ ယူဆရပါတယ်။

လောလောဆယ်မှာ Google Meet ကနေ အခု Low-light Mode Feature ကို Workspace Account တွေအပြင် G Suite Basic နဲ့ Business User တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့အသုံးပြုသူတွေအတွက်ကတော့ လာမယ့်အောက်တိုဘာလ ၄ ရက်နေ့ကနေ စတင်ထုတ်ပေးသွားမှာဖြစ်တာကြောင့် အောက်တိုဘာလအတွင်းမှာတော့ လူတိုင်းအသုံးပြုနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Engadget