Google Messages App ဟာ အခုနောက်ပိုင်းမှာ RCS Messaging Service လိုမျိုး Feature ရရှိလာတဲ့အပြင် Feature အသစ်တွေကိုလည်း ဆက်တိုက်ထည့်သွင်းလာပြီ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Android ဖုန်းတွေအတွက် အသုံးပြုရတာပိုပြီးအဆင်ပြေလာတဲ့ Messaging App တစ်ခုလို့တောင် ပြောနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Google Messages မှာ Spam Protection ၊ Categories အလိုက်ခွဲထားပေးနိုင်တဲ့ Folder View နဲ့ OTP Message တွေကို ၂၄ နာရီကြာတာနဲ့ ပြန်ဖျက်ပေးသွားမယ့် Feature တွေကို ထည့်သွင်းလာမယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ် အသုံးဝင်တဲ့ Feature တစ်ခုကို Google Message မှာ ထည့်သွင်းပေးသွားတော့မှာပါ။

ဒါကတော့ Google Message မှာ ပေးပို့ချင်တဲ့ Message တွေကို အချိန်သတ်မှတ်ပြီး ပေးပို့နိုင်တဲ့ Schedule Message Feature ပါဝင်လာမှာပဲဖြစ်ပါတယ်။ အဆိုပါ Feature ဟာ ပုံမှန် Message ပေးပို့တဲ့နေရာမှာ Option အသစ်အနေနဲ့ ပါဝင်လာတာဖြစ်ပြီး “Later today, 6:00 pm” ၊ “Later tonight, 9:00 pm” ၊ “Tomorrow, 8:00 am” လိုမျိုး Preset အချိန် ၃ မျိုးအပြင် ကိုယ့်စိတ်ကြိုက်အချိန်ကိုလည်း သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Schedule ပြုလုပ်ထားလိုက်ပြီဆိုရင် Message ရဲ့ အောက်ဖက်မှာ “Scheduled Message” ဆိုပြီး ဖော်ပြထားမှာလည်းဖြစ်ပါတယ်။ Schedule ပြုလုပ်ထားတဲ့အချိန်ကိုလည်း ပြောင်းလဲတာ သို့မဟုတ် ချက်ချင်းပေးပို့တာနဲ့ ပြန်လည်ဖျက်ပစ်တာကိုလည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ယခု Feature ဟာ Google ကနေ စမ်းသပ်နေတုန်းဖြစ်ပြီးတော့ Server Side ကနေ စမ်းသပ်နေတာဖြစ်တဲ့အတွက် နောက်ဆုံး Google Message Version ကို အသုံးပြုနေတယ်ဆိုရင်လည်း လောလောဆယ်မှာ အသုံးပြုနိုင်ဖို့ကတော့ မသေချာသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာတော့ တရားဝင်ထုတ်ပေးသွားမယ်လို့ ယူဆရပါတယ်။

Ref – XDA-Developers