Apple က iOS 26 ကို မိတ်ဆက်ပြီးတဲ့နောက် Samsung က iPhone တွေမှာ ပါလာမယ့် လုပ်ဆောင်ချက်အချို့ကို လှောင်ပြောင်ခဲ့ပြီး Samsung ဖုန်းတွေမှာ အရင်ကတည်းက ရထားပြီးသားလို့ ထိုးနှက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ Google ကပါ Apple iOS 26 Feature တွေကို လှောင်ပြောင်လိုက်ပါတယ်။

Google က ထုံးစံအတိုင်း “#BestPhonesForever” ကမ်ပိန်းကနေ ဗီဒီယိုအသစ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ တခြားဗီဒီယိုတွေလိုပဲ Pixel နဲ့ iPhone စကားပြောကြတဲ့ ပုံစံဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ iOS 26 က Pixel ရဲ့ လုပ်ဆောင်ချက်တွေကို အတုခိုးထားတယ်လို့ ပြောထားပါတယ်။

iOS 26: Google mocks Apple and teases Pixel 10

မက်ဆေ့ချ်တွေကို အလိုအလျောက်ဘာသာပြန်တဲ့အကြောင်း ပြောပြတဲ့အခါ Pixel က အဲဒီစွမ်းဆောင်ချက်ကို လွန်ခဲ့တဲ့ လေးနှစ်ကတည်းက သူ့မှာ ရှိနေပြီလို့ ပြောပါတယ်။ ပြီးရင် Hold Assist အကြောင်းကိုလည်း ထောက်ပြပါတယ်။ ဒါက Pixel တွေမှာ ရထားတာ ငါးနှစ်ကြာပြီလို့ နှိပ်ကွပ်ပါတယ်။   နောက်ထပ်တစ်ခုက Call Screening ပါ — iOS 26 မှာ အသစ်ဖြစ်ပေမယ့် Pixel တွေမှာတော့ ခုနစ်နှစ်သား လုပ်ဆောင်ချက်တစ်ခုပါ။

ဗီဒီယိုရဲ့အဆုံးမှာ iPhone က Pixel ကို Pixel 10 စီးရီးအတွက် ဘာတွေလုပ်နေလဲလို့ မေးပါတယ်။ ဒါက iPhone 17 Series မှာ အတုခိုးဖို့ မေးတာ ဖြစ်ပါတယ်။   Google က “#BestPhonesForever” ကမ်ပိန်းကနေ Apple ကို အမြဲ တိုက်ခိုက်လေ့ရှိပါတယ်။ အခုလည်း Apple Fans တွေ လောင်ရတော့မှာပါ။

Ref : Gsmarena