Google One ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Google ကနေ မိတ်ဆက်ပေးခဲ့တဲ့ Cloud Storage Service တစ်ခုဖြစ်ပါတယ်။ အစောပိုင်းတုန်းက Google One ဟာ လစဥ်ကြေးပေးပြီးပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတေ့ာ Android နဲ့ iOS Device တွေကို အခမဲ့ Backup ပြုလုပ်နိုင်မယ့် Feature တစ်ခုကို Update လုပ်ပေးလိုက်ပါပြီ။

အခုလိုမျိုး Device ကို Backup ပြုလုပ်ချင်တယ်ဆိုရင် Google Account ရှိဖို့လိုအပ်ပြီးတော့ Google One App ကို အသုံးပြုနေဖို့လိုအပ်မှာဖြစ်ပါတယ်။ iOS App အနေနဲ့ကတော့ Photos ၊ Videos ၊ Contact နဲ့ Calendar Event တွေအထိ Backup ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ Android App အနေနဲ့ကတော့ အဆိုပါ Feature တွေတင်မဟုတ်သေးဘဲ တချို့သော File တွေကိုပါ ထပ်မံ Backup ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး Backup ပြုလုပ်ဖို့အတွက် ယခင်တုန်းက Google One Cloud Storage Subscription ကို ဝယ်ယူထားဖို့ လိုအပ်ပြီးတော့ အခုအချိန်မှ အခမဲ့အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။ Google Account ထဲကို Backup ပြုလုပ်သွားမှာဖြစ်တဲ့အတွက် အသုံးပြုမယ့် Google Account ရဲ့ Storage မှာ Free Space ရှိနေဖို့လိုအပ်မှာပါ။

Google One Cloud Storage တွေဟာ 100GB အတွက် တစ်လကို $1.99 ကနေ စတင်ဝယ်ယူနိုင်တဲ့အတွက် စျေးအရတော်တော်လေးကို သက်သာတယ်လို့ ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Free Backup ပြုလုပ်ခွင့်ပေးလိုက်တာက ဖုန်းထဲမှာရှိတဲ့ Data တွေကို အလွယ်တကူ Cloud မှာသိမ်းထားချင်တဲ့သူတွေအတွက် အဆင်ပြေသွားပြီဖြစ်ပါတယ်။

Ref – The Verge