[Unicode]

Google Phone app ဟာ Google Pixel စမတ်ဖုန်း တွေမှာ ကြိုတင်ထည့်သွင်းပေးထားတဲ့ Dialer application ပါ။ အခုတော့ ဒီ Dialer app ဟာ built-in call recording လုပ်ဆောင်ချက် ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းကို တရားဝင်ကြေညာတာမဟုတ်ဘဲ Source code ထဲကတစ်ဆင့် ရှာတွေ့လာတာပါ။

Pixel 4 အတွက် နောက်ဆုံးဗားရှင်း Phone app မှာ ဒီလုပ်ဆောင်ချက် ပါဝင်နေတာကို တွေ့ရှိရတာ ဖြစ်ပါတယ်။ ဒါ့အပြင် Icon အသစ်လည်း ထည့်ထားမယ်လို့ သိရပါတယ်။ Google ဟာ Android 6 Marshmallow ကတည်းက တရားဝင် Call recording ကို မထောက်ပံ့ပေးတော့တာပါ။

ဒီလိုမျိုး ဖုန်းပြောဆိုမှုကို အသံဖမ်းယူထားလို့ရအောင် မလုပ်ပေးတဲ့အတွက် အသုံးပြုသူအတော်များများကတော့ စိတ်ကျေနပ်မှုမရှိခဲ့ကြပါဘူး။ အခုတော့ ဒီလုပ်ဆောင်ချက်ကို Google က ပြန်ပြီးထောက်ပံ့ပေးလာမယ့် အခြေအနေတစ်ရပ်မှာ ရှိနေတာပါ။ ဒါပေမယ့် အခုတွေ့ရှိချက်က Live build မှာ အကောင်အထည်ဖော်နေတာ မဟုတ်သေးပါဘူး။ အနာဂတ်မှာ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ပဲ ပြောလို့ရသေးတာပါ။

Xiaomi ကတော့ ဥရောပမှာရောင်းတဲ့ သူ့ရဲ့ Device တွေအားလုံးမှာ Google ရဲ့ Phone နဲ့ Message app တွေအပါအဝင် Call recording ကိုလည်း ထောက်ပံ့ပေးထားတယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် ဒီလုပ်ဆောင်ချက်ဟာ Xiaomi အတွက်ပဲ သီးသန့်ဖြစ်နေမလားလို့ တွေးစရာရှိပေမယ့် Google က ဘယ်လိုဆက်လုပ်မလဲဆိုတာကပဲ ပိုပြီးတော့ တွေးစရာကောင်းနေပါတော့တယ်။

Ref: GSM Arena

[Zawgyi]

အနာဂတ္ Google Phone App မွာ Call Recording လုပ္ေဆာင္ခ်က္ ပါဝင္လာဖြယ္ရွိ

Google Phone app ဟာ Google Pixel စမတ္ဖုန္း ေတြမွာ ႀကိဳတင္ထည့္သြင္းေပးထားတဲ့ Dialer application ပါ။ အခုေတာ့ ဒီ Dialer app ဟာ built-in call recording လုပ္ေဆာင္ခ်က္ ပါဝင္လာမယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒီသတင္းကို တရားဝင္ေၾကညာတာမဟုတ္ဘဲ Source code ထဲကတစ္ဆင့္ ရွာေတြ႕လာတာပါ။

Pixel 4 အတြက္ ေနာက္ဆုံးဗားရွင္း Phone app မွာ ဒီလုပ္ေဆာင္ခ်က္ ပါဝင္ေနတာကို ေတြ႕ရွိရတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Icon အသစ္လည္း ထည့္ထားမယ္လို႔ သိရပါတယ္။ Google ဟာ Android 6 Marshmallow ကတည္းက တရားဝင္ Call recording ကို မေထာက္ပံ့ေပးေတာ့တာပါ။

ဒီလိုမ်ိဳး ဖုန္းေျပာဆိုမႈကို အသံဖမ္းယူထားလို႔ရေအာင္ မလုပ္ေပးတဲ့အတြက္ အသုံးျပဳသူအေတာ္မ်ားမ်ားကေတာ့ စိတ္ေက်နပ္မႈမရွိခဲ့ၾကပါဘူး။ အခုေတာ့ ဒီလုပ္ေဆာင္ခ်က္ကို Google က ျပန္ၿပီးေထာက္ပံ့ေပးလာမယ့္ အေျခအေနတစ္ရပ္မွာ ရွိေနတာပါ။ ဒါေပမယ့္ အခုေတြ႕ရွိခ်က္က Live build မွာ အေကာင္အထည္ေဖာ္ေနတာ မဟုတ္ေသးပါဘူး။ အနာဂတ္မွာ ျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ပဲ ေျပာလို႔ရေသးတာပါ။

Xiaomi ကေတာ့ ဥေရာပမွာေရာင္းတဲ့ သူ႔ရဲ႕ Device ေတြအားလုံးမွာ Google ရဲ႕ Phone နဲ႔ Message app ေတြအပါအဝင္ Call recording ကိုလည္း ေထာက္ပံ့ေပးထားတယ္လို႔ ေၾကညာထားပါတယ္။ ဒါေၾကာင့္ ဒီလုပ္ေဆာင္ခ်က္ဟာ Xiaomi အတြက္ပဲ သီးသန႔္ျဖစ္ေနမလားလို႔ ေတြးစရာရွိေပမယ့္ Google က ဘယ္လိုဆက္လုပ္မလဲဆိုတာကပဲ ပိုၿပီးေတာ့ ေတြးစရာေကာင္းေနပါေတာ့တယ္။

Ref: GSM Arena