Google က Third-party Dialers တွေ မသုံးချင်သူတွေအတွက်  Phone App ကို ဖန်တီးထားပါတယ်။ ဒါပေမယ့် Pixel နဲ့ Android One စမတ်ဖုန်းတွေမှာပဲ သုံးခွင့်ပေးထားပါတယ်။ တခြား စမတ်ဖုန်းတွေမှာ သုံးလို့ရဖို့အတွက် ပြင်ဆင်ထားတဲ့ APKs များစွာလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ Google က တခြား စမတ်ဖုန်းတွေအတွက် Google Phone App ကို Play Store မှာ တင်ပေးလိုက်ပြီ ဖြစ်ပြီး ဒီ Link ကနေ ရယူနိုင်ပါတယ်။

စမတ်ဖုန်း အားလုံးအတွက်တော့ Play Store မှာ မရသေးပါဘူး။ Samsung နဲ့ OnePlus Devices တွေကနေ Play Store မှာ App ကို ရှာမတွေ့သလို အင်စတော လုပ်လို့ မရသေးပါဘူး။ တခြား စမတ်ဖုန်းများစွာမှာတော့ Play Store မှာ App ကို အင်စတော လုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေထဲမှာ Zenfone 6 , OPPO Find X2 Pro နဲ့ LG V60 တို့ ပါဝင်ပါတယ်။

XDA က Phone App ဟာ ဖုန်းမှာ နဂိုပါတဲ့ Dialer ရဲ့ Library ကို အသုံးပြုတယ်လို့ ပြောပါတယ်။ Samsung နဲ့ OnePlus Devices တွေမှာ Library မပါတဲ့အတွက် Phone App ကို သုံးလို့ မရတာ ဖြစ်နိုင်ပါတယ်။ Play Store မှာ Phone App ကို အင်စတောလုပ်လို့ မရသူတွေအတွက် APKMirror မှာ နောက်ဆုံးထုတ် Version ကို Download လုပ်နိုင်ပါတယ်။

Ref : androidpolice