လက်ရှိအချိန်မှာ စမတ်ဖုန်းတွေကနေ ဓါတ်ပုံရိုက်ကူးထားတာပဲဖြစ်ဖြစ်၊ Social Media နဲ့ တခြားသော Web Browser တွေကနေ ဓါတ်ပုံကို Download ရယူထားတာပဲဖြစ်ဖြစ် အဆိုပါ ဓါတ်ပုံနဲ့ ဗီဒီယိုတွေမှာ ရိုက်ကူးထားတဲ့အချိန်ကို မြင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ အချိန်ကိုတော့ တခြားသော Third-party App တွေမသုံးဘဲ ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် အခုလိုမျိုး ဓါတ်ပုံနဲ့ ဗီဒီယိုတွေမှာပါဝင်တဲ့ ရိုက်ကူးထားတဲ့အချိန်ကိုဖျောက်ချင်တယ်၊ ဒါမှမဟုတ် Edit ချင်တယ်ဆိုရင် Third-party App တွေနဲ့ Online Editing Tool တွေမလိုအပ်တဲ့ Feature ကို Google Photos မှာ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် Google Photos မှာတင် ကိုယ်ရိုက်ကူးထားတဲ့ဓါတ်ပုံရဲ့အချိန်ကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

အဆိုပါ Feature ကို Google Photos Version 5.57.0.394309483 နဲ့အထက်ရှိရင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Server Side Update ဖြစ်တာကြောင့် တကယ်လို့မရရှိသေးဘူးဆိုရင်လည်း အချိန်ခတ္တစောင့်ဆိုင်းဖို့ လိုအပ်မှာဖြစ်ပါတယ်။

အခုလိုမျိုး ဓါတ်ပုံကို ရိုက်ကူးထားတဲ့အချိန်ကို ကိုယ့်စိတ်ကြိုက်ပြန်လည်ပြင်ဆင်နိုင်ပြီဆိုပေမယ့် တကယ်လို့ Geo Location ကို ဖွင့်ထားတယ်ဆိုရင်တော့ ကိုယ်ရိုက်ကူးခဲ့တဲ့နေရာကိုတော့ ပြန်လည် Edit ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အလွယ်တကူကိုယ်ရိုက်ကူးထားတဲ့ ဓါတ်ပုံရဲ့ အချိန်ကို ပြန်လည်ပြင်ဆင်နိုင်တာက တကယ်ကို အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Ref – 9to5Google