Google Photos App ဟာ ဓါတ်ပုံတွေ စီမံခန့်ခွဲတဲ့ App ဖြစ်သလို အမိုက်စား ဓါတ်ပုံ Editing လုပ်ဆောင်ချက်တွေလည်း ပါပါတယ်။ အဲဒီထဲက ၁ ခုက Colour Pop ဖြစ်ပြီး ဓါတ်ပုံက Subject ကို အရောင်နဲ့ပြသပေးကာ နောက်ခံကို အဖြူ၊ အမည်းနဲ့ ပြသပေးတာပါ။ Depth Information တွေပါတဲ့ ဓါတ်ပုံတွေအတွက် ဒီလုပ်ဆောင်ချက်ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Depth Information မပါတဲ့ ဓါတ်ပုံတွေအတွက် Google One ကို အခကြေးငွေနဲ့ ဝယ်ယူ အသုံးပြုရမှာပါ။

Buying Google One subscription unlocks editing features on Google Photos

အနာဂတ်မှာ Google ဟာ တခြား ဓါတ်ပုံ Editing လုပ်ဆောင်ချက်တွေကိုလည်း အခကြေးငွေပေးမှ သုံးခွင့်ပေးနိုင်ပါတယ်။ ဘယ်လုပ်ဆောင်ချက်တွေလဲဆိုတာ မသိရသေးပါဘူး။ XDA Developers က ဂုရုတွေဟာ Google Photos V 5.18 ကို မွှေနှောက်ခဲ့ကြပြီး App မှာ Dynamic, HDR နဲ့ Vivid တို့လို Processing Option အသစ်တွေ မကြာခင် ပါလာမယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

You need Google One subscription to use Colour Pop with photos lacking depth information

ဒါ့အပြင် XDA Developers က Afterglow, Airy, Ember, Luminous, Radiant နဲ့ Stormy စတဲ့ Sky Filters အသစ် ၆ ခုကို ကုဒ်တွေမှာ တွေ့ရတယ်လို့ ပြောပါတယ်။

အဲဒီ Editing လုပ်ဆောင်ချက် အသစ်တွေကို Google Photos User တွေအတွက် အခမဲ့ ပေးသုံးမလားဆိုတာ မသိရသေးပါဘူး။ Colour Pop လို အခကြေးငွေ ပေးကာ သုံးရမယ်ဆိုရင်တော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။

Ref : gsmarena