Google က Subscription မလိုဘဲ Google Photos မှာ AI Editing Tools တွေကို ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ စွမ်းရည်တွေက Magic Eraser , Photo Unblur နဲ့ Portrait Light တို့ ဖြစ်ကြပါတယ်။

Google Photos expands AI editing tools to all users without a subscription

မေလ ၁၅ ရက်နေ့မှာ စတင် ဖြန့်ချိမှာ ဖြစ်ပြီး Google ရဲ့ Developer Conference ပြီးနောက်တစ်ရက်မှာ ဖြစ်ပါတယ်။ Google ရဲ့ ထုံးစံအတိုင်း ကြေညာထားတဲ့ နေ့အပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှ တကယ် ဖြန့်ချိနိုင်ပါတယ်။ Google က အထက်ပါ စွမ်းရည် ၃ ခုကို Pixel တက်ဘလက်အပါအဝင် Device များစွာမှာ တိုးချဲ့ ထည့်သွင်းပေးသွားမယ်လို့ ပြောပါတယ်။

Google Photos announces AI image editing tools to all users without subscription

ပြီးခဲ့တဲ့နှစ်မှာ Google က Pixel 8 နဲ့ Pixel 8 Pro မှာ Magic Editor ကို ထည့်သွင်းပေးလိုက်ပြီး ဓါတ်ပုံထဲက အရာဝတ္ထုတွေကို နေရာပြောင်းတာနဲ့ ကောင်းကင် အရောင်ကို ပြောင်းတာတို့လို ရှုပ်ထွေးတဲ့ Edit တွေကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ အဲဒီလိုလုပ်ဖို့ Generative AI ကို အသုံးပြုထားပါတယ်။ အခုတော့ Pixel Device အားလုံးမှာ အသုံးပြုနိုင်ပါပြီ။

ဒါ့အပြင် iOS နဲ့ Android ရဲ့ Google Photos User တွေဟာ ၁ လကို Magic Editor ၁၀ ကြိမ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီထက်ပိုသုံးချင်ရင် 2TB Storage ပါတဲ့ Premium Google One Plan ကို ဝယ်ယူ အသုံးပြုရမှာ ဖြစ်ပါတယ်။ Pixel Device ပိုင်ရှင်တွေကတော့ အခမဲ့ အကန့်အသတ် မရှိ အသုံးပြုနိုင်ပါတယ်။

Ref : gsmarena