Message ဟာ ဒီလအစမှာ Navigation drawer ကို Beta အနေနဲ့ စတင်ခဲ့ပါတယ်။ ပြီးတော့ Google Photos နဲ့ ပေါင်းစပ်မှုကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း Beta channel မှာတောင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာခြင်းမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ပုံစံကို သိပ်ပြီးသတိထားမိကြမယ် မထင်ပါဘူး။

ဒါပေမဲ့ Image upload လုပ်နိုင်စွမ်းကတော့ ပျောက်ကွယ်သွားတယ်ဆိုတာကို ဒီနေ့အသုံးပြုသူတွေအနေနဲ့ သတိပြုမိလာကြမယ်လို့ ထင်ပါတယ်။ အစပိုင်းကတော့ ဒီ Feature ဟာ Cloud က ကျွန်ုပ်တို့ကို Link တစ်ခုပို့ပေးလာဖို့အတွက် ဗီဒီယိုတွေကို Uploading လုပ်ရတာဖြစ်တယ်လို့ ယုံကြည်ခဲ့ကြတာပါ။ Google ကတော့ ရုပ်ငြိမ်ဓာတ်ပုံတွေအတွက်လည်း စွမ်းရည်ကို တိုးမြှင့်ပေးခဲ့ပါတယ်။

သိပ်မကြာလှသေးတဲ့ရက်တွေအတွင်း Messages က “Google Photos” Menu ထဲမှာ “Always send images by the link in texd (SMS/MMS) option ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ ရုပ်ပုံတွေကို ရွေးချယ်ပြီး Cloud ကတစ်ဆင့် ပေးပို့နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုဖယ်ရှားလိုက်တာဟာ တစ်ခုခုအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ရှားလိုက်တာလား၊ ဒါမှမဟုတ် ချွတ်ယွင်းချက်ကြောင့်လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကနဦးဖြစ်နိုင်ခြေကတော့ ဒီစွမ်းရည်အတွက် Google Support page က “Send sharper videos” စွမ်းရည်ကို ရည်ညွှန်းခြင်းသာဖြစ်တယ်ဆိုတာပါပဲ။ ကနဦးစမ်းသပ်မှုမှာလည်း ကုမ္ပဏီဟာ ဒီလုပ်ဆောင်ချက်အတွက် အသုံးပြုမှုနည်းပါးတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ဆိုလိုတာက MMS က ပေးပို့လာတဲ့အကြောင်းအရာတွေကို Compressed လုပ်ထားပေမဲ့ ပိုပြီးမြင့်မားတဲ့ Resolution RCS ကိုပြောင်းခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းထားတာလို့ ဆိုနိုင်ပါတယ်။

Ref: 9To5Google