Google က သင့်ဓာတ်ပုံတွေကို AI နည်းပညာသုံးပြီး ဗီဒီယို ဖန်တီးနိုင်တဲ့ feature အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ US မှာရှိတဲ့ Google Photos အသုံးပြုသူတွေဟာ ကုမ္ပဏီရဲ့နောက်ဆုံးပေါ် AI ဗီဒီယိုဖန်တီးပေးတဲ့ model ဖြစ်တဲ့ Veo 3 ကိုအသုံးပြုထားတဲ့ feature အသစ်ကို စတင်စမ်းသပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီ update အသစ်က ပုံသေဓာတ်ပုံတွေကို app ရဲ့ Create tab ကနေတစ်ဆင့် လေးစက္ကန့်စာ ဗီဒီယိုအတိုလေးတွေအဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။

Veo 3 model ကို ဇူလိုင်လက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အရင် model ထက်ပိုမိုကြည်လင်ပြတ်သားကာ လက်တွေ့ကျတဲ့ ရလဒ်တွေကို ဖန်တီးပေးနိုင်ပါတယ်။ Photos app အတွင်းက Create tab မှာ အသုံးပြုသူတွေအနေနဲ့ “Subtle Motion” ဒါမှမဟုတ် “I’m Feeling Lucky” ဆိုပြီး mode နှစ်မျိုးကို ရွေးချယ်နိုင်မှာပါ။ ဒီ mode တွေက ပုံတွေကို အလွန်အကျွံမဖြစ်စေဘဲ သဘာဝကျကျ လှုပ်ရှားမှုလေးတွေ ထည့်သွင်းပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Michael Marconi ရဲ့ အဆိုအရ Veo 3 ဟာ အရင်ကထက်ပိုပြီး သက်ဝင်လှုပ်ရှားနေတဲ့ ပုံစံမျိုးကို ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။

You can turn your Google Photos into video clips now - here's how | ZDNET

Veo 3 ကို မေလက ပြုလုပ်ခဲ့တဲ့ Google I/O ပွဲမှာ text-to-video tool တစ်ခုဖြစ်တဲ့ Flow နဲ့ AI စွမ်းအင်သုံး video editor ဖြစ်တဲ့ Vids တို့နဲ့အတူ စတင်မိတ်ဆက်ခဲ့တာပါ။  Google Photos အသုံးပြုသူတွေကတော့ အခုအခါမှာ ဒီဗီဒီယိုဖန်တီးတဲ့ feature ကို အခမဲ့အနေနဲ့ နေ့စဉ်အကန့်အသတ်နဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ AI Pro နဲ့ AI Ultra subscription ဝယ်ယူထားသူတွေကတော့ ပိုများများ သုံးစွဲခွင့်ရမှာပါ။

Create tab ထဲမှာ ဓာတ်ပုံတွေကို 3D animation အဖြစ်ပြောင်းလဲတာ ဒါမှမဟုတ် keyword တွေပေါ်မူတည်ပြီး highlight ဗီဒီယိုတွေ အလိုအလျောက် တည်းဖြတ်ပေးတာလိုမျိုး တခြား AI feature တွေလည်း ပါဝင်ပါတယ်။ ဒီ tool တွေအားလုံးပေါင်းစပ်လိုက်တဲ့အခါ Google Photos ဟာ ဓာတ်ပုံသိမ်းတဲ့ ဝန်ဆောင်မှုတစ်ခုဆိုတာထက် သာမန်အသုံးပြုသူတွေနဲ့ content creator တွေအတွက် ဖန်တီးမှုဆိုင်ရာ tool တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။

Veo 3 ကို Photos အခမဲ့အသုံးပြုသူတွေဆီ တိုက်ရိုက်ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် Google ဟာ သူ့ရဲ့ AI စမ်းသပ်မှုတွေကို လူတိုင်းပိုမိုသုံးစွဲနိုင်အောင် လုပ်ဆောင်နေပါတယ်။

Ref : gizmochina