Google ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Pixel ဖုန်းတွေအတွက် Google Photos မှာ ဓါတ်ပုံတွေကို Hide ထားနိုင်တဲ့ Locked Folder ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Feature ဟာ ကိုယ်အနေနဲ့ သီးသန့် Hide ထားချင်တဲ့ ဓါတ်ပုံတွေ၊ Video တွေကို Fingerprint သို့မဟုတ် PIN သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။

Google ဟာ အဆိုပါ Google Photos အတွက် Locked Folder Feature ကို Pixel ဖုန်းတွေအပြင် တခြားသော Android ဖုန်းတွေအတွက်ပါ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ Google ရဲ့ ပြောကြားချက်အရတော့ Android Version 6.0 နဲ့အထက် Android Device တွေကို ထုတ်ပေးသွားမှာဖြစ်ပြီး ဘယ်အချိန်မှာ ရရှိလာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

Google Photos ရဲ့ Locked Folder Feature ဟာ ပြီးခဲ့တဲ့မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2021 Event မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး Pixel ဖုန်းတွေအတွက် ပြီးခဲ့တဲ့ဇွန်လတုန်းက ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး တခြားဖုန်းတွေအတွက်ပါ Google Photos ကို အသုံးပြုနေတယ်ဆိုရင် ဒါက သတင်းကောင်းတစ်ခုဖြစ်လာမှာပါ။

Google Photos ရဲ့ Locked Folder Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ App ထဲက Library > Utilities > Locked Folder ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ စစခြင်းအသုံးပြုမယ်ဆိုရင်တော့ Fingerprint ၊ Face သို့မဟုတ် PIN Unlock စနစ်ကို ရွေးချယ်ပေးဖို့လိုအပ်ပါတယ်။ အခုလိုမျိုး Locked Folder ထဲ ထည့်ထားတဲ့ ဓါတ်ပုံနဲ့ Video တွေဟာ Google Cloud မှာတော့ Sync လုပ်ပေးမှာမဟုတ်ပါဘူး။

Ref – The Verge