Google Pixel 3 နဲ့ 3 XL စမတ်ဖုန်းတွေ Brick ဖြစ်ပွားနေတယ်လို့ သတင်းပေးပို့တဲ့ Users တွေ များသထက်များလာပါပြီ။ Warning ပေးတာလည်း မရှိဘဲ Brick ဖြစ်ပွားနေတာ ဖြစ်ပြီး အခုဆိုရင် ဒီပြဿနာဟာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေပါပြီ။

GoogleスマホPixel 3 / 3 XLのカメラの実力やいかに?AI処理やズーム、Googleレンズの実力を試す:週刊モバイル通信 石野純也 -  Engadget 日本版

ဒီပြဿနာဟာ အခုမှ စဖြစ်တာ မဟုတ်ဘဲ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖြစ်ပွားနေပုံရပါတယ်။ အခုတော့ တော်တော် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သွားပါပြီ။ အဆိုးဆုံးကတော့ Google ဟာ ဒီပြဿနာအတွက် အဖြေကို မရှာတွေ့သေးတာ ဖြစ်ပြီး အဲဒီ Devices အများစုဟာ အခုဆိုရင် Warranty သက်တမ်း ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

80枚の写真で見る「Pixel 3/3 XL」 - ケータイ Watch

Support Forums , Reddit နဲ့ တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ Users တွေက သူတို့ရဲ့ Pixel 3 နဲ့ 3 XL စမတ်ဖုန်းတွေ ဘယ်လို Brick ဖြစ်သွားသလဲဆိုတဲ့ အကြောင်းတွေကို တင်ပြနေကြပါတယ်။ သူတို့က Warning ပေးတာလည်း မရှိဘဲ ဒီလို ဖြစ်သွားတာလို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းတွေဟာ Qualcomm Emergency Download Mode (EDL) ကို ဝင်သွားပြီး ROM အသစ်ကို Install လုပ်လို့ မရသလို Bootloader ထဲလည်း ဝင်လို့ မရပါဘူး။

တချို့က ဒီပြဿနာဟာ Security Updates ၁ ခုကြောင့်လို့ ယုံကြည်နေကြပြီး တချို့ကတော့ LG အရင်က ဖြစ်ခဲ့တဲ့ Bootlooping လို Hardware Malfunction ကြောင့်လို့ ထင်နေကြပါတယ်။ ဒါတွေဟာ လူတွေရဲ့ ခန့်မှန်းချက်တွေသာ ဖြစ်ပြီး Google က ဒီအကြောင်းကို တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Ref : gsmarena