Google Pixel 4 Series ဖုန်းတွေဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက မိတ်ဆက်ထားခဲ့တဲ့ Google ရဲ့ Flagship ဖုန်းတွေလည်းဖြစ်ပါတယ်။ အဆိုပါ Pixel 4 Series ဖုန်းတွေဟာ ဝေဖန်မှုတွေလည်း အများအပြားခံခဲ့ရသလို အဆိုပါဝေဖန်ချက်တွေထဲကတစ်ခုက Video Recording ပိုင်းမှာ တခြားသော Flagship ဖုန်းတွေလိုမျိုး 4K 60fps Video Recording ကို Support မပြုလုပ်နိုင်တာဖြစ်ပါတယ်။

Google ကတော့ အဲ့ဒီအတွက်ကို 4K 60fps အစား ပိုပြီးအသုံးပြုမှုများပြားတဲ့ Full HD 30fps ကိုပဲ Quality ပိုကောင်းအောင် ဆောင်ရွက်နေတာဖြစ်တယ်ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပေမယ့် Video Recording ပိုင်းမှာ Pixel 4 Series ဖုန်းတွေက အားနည်းနေတယ်ဆိုတာကိုတော့ လက်ခံရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်းအခုအချိန်မှာတော့ Third-party App တစ်ခုဖြစ်တဲ့ FiLMic Pro App ကနေ တစ်ဆင့် Google Pixel 4 နဲ့ Pixel 4 XL ဖုန်းတွေမှာ 4K 60fps Video ကို ရိုက်ကူးနိုင်ပြီဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ အဆိုပါ App ကို $14.99 နဲ့ ဝယ်ယူရမှာဖြစ်ပြီး Reddit Forum မှာ ပြောကြားချက်အရတော့ Quality ပိုင်းမှာလည်း ကောင်းမွန်တယ်လို့သိရပါတယ်။ ကျန်တဲ့ FiLMic Pro App ရဲ့ Update Changelog မှာကြည့်ရှုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Third-party App ကနေ တစ်ဆင့် Video ပိုင်းကို 4K 60fps နဲ့ ရိုက်ကူးလာနိုင်ပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Google ကနေ Software Update ကနေတစ်ဆင့် Update ပေးသွားနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Google