Google ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက $349 ကနေ စတင်တဲ့ Pixel 4a စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Pixel 4a စမတ်ဖုန်းနဲ့အတူ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေကိုပါ လာမယ့်နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး အတည်ပြုခဲ့ပါသေးတယ်။

Google ကနေ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေရဲ့ ဘေးဘက် Design ဓါတ်ပုံကို တရားဝင်ဖော်ပြခဲ့ပြီး 5G Support ပြုလုပ်မယ်ဆိုတာကလွဲရင် တခြားသော အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရတော့ အဆိုပါ Pixel ဖုန်းတွေဟာ Qualcomm Snapdragon 765G Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google Pixel 4a မိတ်ဆက်မယ့်အချိန်ကို တိကျစွာခန့်မှန်းနိုင်ခဲ့တဲ့ Jon Prosser ကနေ Pixel 4a 5G နဲ့ Pixel 5 ဖုန်းတွေမိတ်ဆက်မယ့်အချိန်ကိုပါ ပြောကြားလိုက်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ Pixel 5 5G ကို Black နဲ့ Green အရောင် ၂ ရောင်နဲ့ Pixel 4a 5G Black Color ကို လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ နောက်ထပ် Pixel 4a 5G ရဲ့ White Color Version ကိုတော့ အောက်တိုဘာလကျမှ မိတ်ဆက်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းဟာ အစောပိုင်းတုန်းက လာမယ့်အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ဖူးတဲ့အတွက် အခုအချိန်က ပိုပြီးစောနေတာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ရောင်းချမယ်လို့ ယူဆရပါတယ်။

Pixel 4a 5G ဖုန်းဟာ စျေးနှုန်းအနေနဲ့ $499 ကနေ စတင်မှာဖြစ်ပြီး Pixel 5 ရဲ့ စျေးနှုန်းကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ မနှစ်တုန်းက Pixel 4 ထက် $100 ပိုသက်သာနိုင်ဖွယ်ရှိပြီး $699 ကနေ စတင်ရောင်းချနိုင်လာနိုင်ပါတယ်။

Ref – Android Central