Google ကုမ္ပဏီဟာ Pixel 4a စမတ်ဖုန်းနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်ပေမယ့် ဒီဖုန်းကို တရားဝင်ကြေညာလာဖို့ စောင့်နေတုန်းမှာပဲ နိုင်ငံအများအပြားက အတည်ပြုချက်တွေကိုတော့ ဆက်တိုက်ရယူလာတာ တွေ့ရပါတယ်။

ယနေ့မှာတော့ ထိုင်ဝမ်နိုင်ငံရဲ့ NCC နဲ့ TUV Rheinland အတည်ပြုချက်တို့ကို ရယူခဲ့ကြောင်း တွေ့ရှိရပြီး Pixel 4a ရဲ့ ဘက္ထရီပမာဏနဲ့ အားသွင်းစနစ်တို့ကို အတည်ပြုနိုင်လာခဲ့ပါတယ်။

Pixel 4a မှာ 3,140 mAh ဘက္ထရီပါဝင်ပြီး အားသွင်းစနစ်က 18W ဖြစ်ပါတယ်။ ဒီ Charger ဟာ မော်ဒယ်နံပါတ် TC G1001-US နဲ့ G1000-US တို့ဖြင့် အတည်ပြုချက်ရယူခဲ့တာဖြစ်ပြီး ဘက္ထရီကတော့ G025J-B အမည်ဖြင့်ပါ။

နောက်ဆုံးထွက်ထားတဲ့ သတင်းတွေအရတော့ Pixel 4a ဟာ 5.81” OLED Display နဲ့ဖြစ်ပြီး Snapdragon 730 ချစ်ပ်ဆက်နဲ့ နောက်ဘက်အဓိကကင်မရာတစ်လုံးတို့ ပါဝင်မှာပါ။ 4GB RAM ကို 64/128 GB Storage တို့ ရွေးချယ်နိုင်မယ်လို့ ယူဆရပါတယ်။ အခုနှစ်မှာ XL ဗားရှင်းတော့ ရရှိနိုင်မှာမဟုတ်ပေမယ့် ပုံမှန်ဗားရှင်းကတော့ အချိန်မရွေး ထွက်လာနိုင်ပါတယ်။

Ref – GSMArena