Google က တန်ဖိုးနည်း Pixel 4a ကို ထုတ်လုပ်ရောင်းချထားပြီး Google Pixel ဖုန်းတွေဟာ ကင်မရာ လုပ်ဆောင်ချက် အပိုင်းမှာ နာမည်ကြီးပါတယ်။ 4a ရဲ့ အနောက်ဘက်မှာ 12.2MP ကင်မရာ ၁ လုံးပဲ ထည့်သွင်းထားပြီး အခုတော့ DxOMark က အဲဒီ ဖုန်း ကင်မရာကို စမ်းသပ်လိုက်ပါတယ်။

Pixel 4a scoreard

အဲဒီ ကင်မရာဟာ အရင်နှစ်ထုတ် Pixel 4 , 4 XL တို့နဲ့တူညီပြီး 1/ 2.55-inch ဆန်ဆာ ဖြစ်ပါတယ်။ 1.4µm Pixels နဲ့ f/1.7 Aperture ထောက်ပံ့ထားပါတယ်။ OIS နဲ့ Dual Pixel PDAF ပါလာပြီး Google ရဲ့ Image Processing Algorithms က အရမ်း အစွမ်းထက်ပါတယ်။

Pixel 4a ဟာ စုစုပေါင်း ၁၁၁ မှတ်ရသွားပြီး ၂၀၁၈ နိုဝင်ဘာလထုတ် Huawei Mate 20 X နဲ့ တူညီနေပါတယ်။ အနောက်ကင်မရာ ၁ လုံးပဲ ပါတဲ့ ဖုန်းအတွက် ဒါဟာ မဆိုးဘူးလို့ ပြောရမှာပါ။ အနောက်ကင်မရာ ၁ လုံးပဲ ထည့်ထားတဲ့အတွက် Ultrawide နဲ့ Telephoto အပို ကင်မရာတွေ ပါတဲ့ ဖုန်းတွေကို မယှဉ်နိုင်ပါဘူး။  ဓါတ်ပုံ အပိုင်းမှာ 4a ဟာ ၁၂၂ မှတ်ရထားပြီး Zoom အပိုင်းမှာ ၃၄ မှတ်ပဲရထားတာက မမိုက်ပါဘူး။ ဗီဒီယို အပိုင်းမှာ ၉၈ မှတ်ရထားတဲ့အတွက် မဆိုးဘူးလို့ ပြောရမှာပါ။

DxOMark က 4a ရဲ့ အရောင်တိကျမှု၊ Autofocus စွမ်းရည်နဲ့ Noise Reduction ကို ချီးကျူးထားပါတယ်။ Dynamic Range မှာ အကန့်အသတ်တွေ ရှိတာ အားနည်းချက်ပါ။ Low-light ဓါတ်ပုံတွေက အိုကေတယ်ဆိုရုံလို့ပဲ ပြောနိုင်ပြီး ဗီဒီယို အပိုင်းမှာ အားနည်းချက်လေးတွေ ရှိနေပါတယ်။

Ref : gsmarena