Google ကနေ Android 11 Developer Preview ကို Pixel စမတ်ဖုန်းတွေအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Android 11 မှာ ဘယ်လိုမျိုး Feature တွေပါဝင်လာနိုင်မလဲဆိုတာကို အနည်းငယ်သိလာရပြီဖြစ်သလို Pixel ဖုန်းအသစ်တွေမှာ ပါဝင်လာနိုင်တဲ့ Feature တစ်ခုကိုလည်း သိရှိခဲ့ရပါတယ်။

ဒါကတော့ XDA-Developers ကနေ Android 11 ရဲ့ Code တွေထဲမှာ Pixel 5 မှာ ပါဝင်လာနိုင်တဲ့ Feature တစ်ခုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ Code အရဆိုရင် Pixel 5 မှာ လက်ရှိ Flagship စမတ်ဖုန်းအများစုမှာပါဝင်တဲ့ Reverse Wireless Charging ကို Support ပြုလုပ်နိုင်ခြေရှိနေပါတယ်။

Google ကတော့ အဆိုပါ Feature ကို Reverse Wireless Charging အစား Battery Share လို့ပဲ ရိုးရိုးရှင်းရှင်းခေါ်ဆိုထားပြီး လက်ရှိ Pixel ဖုန်းတွေမှာပါဝင်တဲ့ Adaptive Battery Feature နေရာမှာ အစားထိုးထားတာဖြစ်ပါတယ်။ အဆိုပါ ပုံအရတော့ Battery Share Feature ဟာ Wireless Charging ရရှိတဲ့ Earbuds တွေ၊ Watch တွေနဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

ဒီ Battery Share Feature ဟာ Pixel ဖုန်းတွေအတွက်ဖြစ်လာမယ်ဆိုတာ သေချာသွားတာကတော့ Activity Name ကို “com.android” အစား “com.google.android” ဆိုပြီးဖော်ပြခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Pixel ဖုန်းတွေအတွက်ပဲ သီးသန့်ဖြစ်လာမှာဖြစ်ပြီး Android One လိုမျိုး ASOP ROM မှာတောင်ရရှိနိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း အဆိုပါ Battery Share Feature ဟာ Pixel 5 သို့မဟုတ် ဘယ် Pixel ဖုန်းမှာပါဝင်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Google အနေနဲ့ လာမယ့်မေလမှာတော့ Google I/O Event နဲ့အတူ Pixel 4a ဖုန်းကို မိတ်ဆက်လာမှာဖြစ်တဲ့အတွက် Pixel 4a မှာ ယခု Battery Share Feature မပါဝင်ခဲ့ရင်တော့ Pixel 5 ဖုန်းမှာ ပါဝင်ဖို့သေချာသလောက်ဖြစ်နေပါပြီ။

Ref – GSM Arena