Google Pixel 5 နဲ့ပတ်သက်တဲ့ ပေါက်ကြားသတင်းက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အကြိမ်ရေအတော်များများ ပေါက်ကြားခဲ့ပြီးဖြစ်သလို ဒီဟန်းဆက်ရဲ့ အစိတ်အပိုင်းတွေအကြောင်းနဲ့ ရုပ်ပုံတွေကိုလည်း ဖော်ပြခဲ့ဖူးပါတယ်။

ဒီတစ်ခေါက် ထွက်လာတဲ့ ပေါက်ကြားသတင်းကလည်း နာမည်ကျော် Leakster Evan Blass ဆီကနေပဲ ထွက်ပေါ်လာတာပါ။ Evan Blass ဟာ Google Pixel 5 ရဲ့ ကျောဘက်ကို မြင်တွေနိုင်တဲ့ပုံအပါအဝင် ဟန်းဆက်ရဲ့ ရုပ်ပုံအချို့ကို မျှဝေလိုက်ပြီး ဒီထဲမှာ အရောင်သစ်တစ်မျိုးလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Google Pixel 5 ရဲ့ Mint Green နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ သတင်းထွက်ခဲ့ဖူးတာမဟုတ်ပါဘူး။ အရင်တုန်းက Google Pixel 4 လည်း ဒီလိုအရောင်နဲ့ သတင်းတွေကြီးခဲ့ဖူးပေမယ့် အမှန်တကယ်ထွက်ရှိလာတာမျိုး မတွေ့ခဲ့ရပါဘူး။ အခုဖော်ပြတဲ့ ပေါက်ကြားသတင်းမတိုင်မီတုန်းကလည်း အနက်ရောင် Pixel 4a ပုံတွေပဲ ပေါ်ထွက်ခဲ့တာပါ။

Pixel 4a 5G ဗားရှင်းဟာ ချောမွေ့တဲ့ကျောဘက်ကိုယ်ထည် ပုံစံမျိုး ဖြစ်ပါတယ်။ Pixel 5 နဲ့မတူတာကတော့ Textured finish ဖြစ်ပြီး ကိုင်တွယ်ရပိုကောင်းစေသလို၊ Fingerprint လည်းပိုပြီး အပေအတေခံလာနိုင်မယ်လို့ ဆိုရမှာပါ။ Google Pixel 5 နဲ့ Pixel 4a 5G တို့ကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပါတယ်။

Google Pixel 5 ရော Pixel 4a 5G ပါ Snapdragon 765G chipset တွေနဲ့ဖြစ်ပြီး ကင်မရာတပ်ဆင်ပုံကလည်း အတူတူပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား ကွာခြားသွားတာကတော့ Display ပိုင်းပါ။ Pixel 5 ဟာ 6.0-inch 90Hz OLED panel နဲ့ဖြစ်ပြီး Pixel 4a 5G ကတော့ အနည်းငယ်ပိုကြီးတဲ့ပမာဏအဖြစ် 6.2-inch 6oHz panel နဲ့ ဖြစ်ပါတယ်။

Ref: GSM Arena