Google က စက်တင်ဘာလမှာ Pixel 5 ကို ကြေညာတဲ့အချိန်မှာ စွမ်းရည်မြင့် စမတ်ဖုန်းကို လူတွေ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါပေမယ့် ထင်သလို မဖြစ်လာခဲ့ပါဘူး။ အခုတော့ စွမ်းရည်မြင့်လို့ ထင်ရတဲ့ Google Pixel 5 Pro ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဒါပေမယ့် အခုမှ ပထမဆုံး ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေ ဖြစ်တဲ့အတွက် ရာနှုန်းပြည့် မှန်ကန်မယ်လို့ အတည်မပြုနိုင်သေးပါဘူး။

ဓါတ်ပုံတွေအရ ဆဲလ်ဖီး ကင်မရာအတွက် Cutout မပါလာတာကို မြင်ရတဲ့အတွက် မျက်နှာပြင်အောက် ကင်မရာ ပါလာမယ်လို့တောင် ထင်ရပါတယ်။ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး Axon 20 5G စမတ်ဖုန်းကို ZTE က ဦးဦးဖျားဖျား ကြေညာခဲ့ပြီးပါပြီ။ Google ကလည်း ZTE လို စွန့်စွန့်စားစား လုပ်ဆောင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။  About Section မှာ Pixel 5 Pro နာမည်ကို တွေ့ရပြီး Dual SIM စွမ်းရည်ကို အတည်ပြုထားပါတယ်။

AIDA64 benchmark listing

မျက်နှာပြင် အရွယ်အစား၊ ကင်မရာနဲ့ ဘက်ထရီ ပမာဏတွေကို မသိရသေးပါဘူး။ AIDA64 Check မှာတော့ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ လက်ရှိမှာ Google Pixel 5 Pro ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ ပိုပြီး သိလာရတော့မယ်လို့ ထင်ရပါတယ်။

Ref : gsmarena