Google Pixel 6 Pro နဲ့ Pixel 6 တို့ဟာ ကျောဘက်မှာ 50MP အဓိကကင်မရာ ပါဝင်လာမဲ့အကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက သတင်းထွက်ခဲ့ပြီးသားဖြစ်ပါတယ်။ အခုတော့ ဒီဟန်းဆက်တွေရဲ့ ကျောဘက်အဓိကကင်မရာတွေမှာ 50MP Samsung GN1 sensor အသုံးပြုထားမယ်ဆိုတာ သေချာသွားပြီ ဖြစ်ပါတယ်။

ထွက်ရှိထားတဲ့ကောလာဟလတွေကို အတည်ပြုစေနိုင်ခဲ့တာကတော့ Android 12 beta နဲ့အတူရောက်လာတဲ့ Google camera App သစ်က ကုဒ်တစ်ကြောင်းပဲ ဖြစ်ပါတယ်။ ကုဒ်မှာဖော်ပြထားတဲ့ “p21” ဟာ “gn1_wide” မှာ ပူးတွဲပါဝင်လာမဲ့ Pixel 6 series ကို ရည်ညွှန်းထားတာပါ။

ဒါ့အပြင် Samsung ဟာ Pixel 6 စီးရီးရဲ့ Custom Tensor chip ကိုလည်း ထုတ်လုပ်ပြီး Exynos 5123B modem ကိုလည်း ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

ကနဦးကောလာဟလတွေအရ Pixel 6 စီးရီးမှာ ဘက်ထရီပမာဏ တိုးတက်များပြားလာပြီး Android 12 OS နဲ့ ထွက်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Software Update ကိုလည်း ၅ နှစ်အထိ ထောက်ပံ့ပေးမယ်လို့ ဆိုထားပါသေးတယ်။ ဒီ Pixel ဖုန်းတွေကို လာမဲ့ ဆောင်းဦးရာသီမှာ မိတ်ဆက်မယ်ဆိုတော့ စက်တင်ဘာထဲမှာ တွေ့မြင်လာရဖွယ်ရှိပါတယ်။

Ref: GSM Arena