မကြာခင်ထွက်ရှိလာမဲ့ Google Pixel 6 နဲ့ 6 Pro တို့ရဲ့ ဒီဇိုင်းနဲ့ အချက်အလက်အချို့ကို သေချာပေါက်နီးပါး သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီဟန်းဆက်တွေမှာ Samsung နဲ့ ပူးပေါင်းပြီးပြုလုပ်ထားတဲ့ Custom Tensor SoC အပြင် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက 50MP အဓိကကင်မရာကို ထောက်ပံ့ပေးမယ်ဆိုတာလည်း သိရှိခဲ့ပြီး ဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် Pixel အသစ်တွေမှာ အသုံးပြုလာမဲ့ Tensor Chipset အကြောင်းကို သိပ်ပြီးတော့ များများစားစား သိကြရသေးတာ မဟုတ်ပါဘူး။ အခု Geekbench Listing မှာ တွေ့မြင်ရတဲ့အခါ ဒီ Chipset နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်အချို့ကို အနည်းငယ်ပိုသိလာရတယ်လို့ ဆိုနိုင်ပါတယ်။

Single နဲ့ Multi-threaded ရမှတ်တွေက သိပ်ပြီးအထင်ကြီးစရာမဟုတ်ဘူးဆိုပေမဲ့ အခုရလဒ်ဟာ ထုတ်လုပ်မှုအကြို စမ်းသပ်ချက်ရလဒ်တွေဖြစ်တယ်ဆိုတာတော့ မေ့ထားလို့မရပါဘူး။ ဒါကြောင့် သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းအစစ်အမှန်ဟာ ဈေးကွက်ထဲဝင်ရောက်လာတဲ့အချိန်မှာ ကြီးကြီးမားမားကွာခြားသွားနိုင်တာကို သတိပြုရပါမယ်။

ပိုပြီးအရေ:ကြီးတာက CPU configuration ပါ။။ Listing အရဆိုရင် Three cores cluster မှာ Cores အကြီးနှစ်ခုဟာ 2.80GHz, နောက် Cores နှစ်ခုက 2.25GHz နဲ့ Energy-efficient cores လေးခုကတော့ 1.80GHz ရှိနေတာကို တွေ့ရပါတယ်။ Cortex-X1 cores နှစ်ခုဟာ တူညီတဲ့ Chip တစ်ခုထဲမှာ အံဝင်မဲ့ပုံစံမရှိပါဘူး။ ဒါကြောင့် Cortex-A78 cores နှစ်စုံနဲ့ Cortex-A55 cores လေးခုကို မြင်နေရသလို ဖြစ်နေပါတယ်။

GPU ပိုင်းမှာ Mali-G78 GPU ရှိနေပြီး ဒါဟာ ဒီနှစ်အစောပိုင်းက Exynos 2100 မှာအသုံးပြုခဲ့တာနဲ့ တူညီနေပါတယ်။ ကနဦးကောလာဟလတွေမှာ Samsung အနေနဲ့ mmWave 5G modem ထောက်ပံ့ပေးမယ်လို့ ဖော်ပြခဲ့ကြတာ အံ့သြစရာတော့မဟုတ်ပါဘူး။ စမ်းသပ်မှုအရ 12GB of RAM ဖြစ်နေတာကလည်း လွန်ခဲ့တဲ့လအနည်းငယ်ကဖော်ပြလာတဲ့ Jon Prosser ရဲ့ သတင်းကို အတည်ပြုနိုင်သွားတာ ဖြစ်ပါတယ်။

Ref: GSM Arena