Google Pixel 6 Series ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး ဒီ ၁ ပတ်ထဲမှာပဲ Google က Pixel 6 နဲ့ 6 Pro ကို အောက်တိုဘာလ ၁၉ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။ Pixel စမတ်ဖုန်း အသစ်တွေကို ကြေညာဖို့ နီးလာတဲ့အချိန်မှာပဲ ဂျာမနီ စတိုး ၁ ခုကနေ Pixel 6 ရဲ့ ဈေးနှုန်း ပေါက်ကြားထွက်ပေါ်လာပါတယ်။

Pixel 6 vs. Pixel 5: Every rumored difference between Google's phones - CNET

ဂျာမနီ စတိုး Saturn က Pixel 6 ကို ပရိုမိုးရှင်း ပြုလုပ်နေတာ ဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၇ ရက်အတွင်း ကြိုတင်မှာယူခွင့်ပေးထားပါတယ်။ ကြိုတင်မှာယူသူတွေအတွက် Bose Noise Cancelling Headphones 700 ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Google Pixel 6 release date officially revealed - Android Authority

Saturn မှာ Pixel 6 ရဲ့ ဈေးနှုန်းကို ယူရို ၆၄၉ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၁၄ သိန်း ၇ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီ ဈေးနှုန်းဟာ အရင်က ပေါက်ကြားခဲ့တဲ့ ဈေးနှုန်းနဲ့ တူညီနေပါတယ်။

ပေါက်ကြားသတင်းတွေအရ Google Pixel 6 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၈၉၉ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ သိန်း ၂၀ လောက် တန်ကြေးရှိပါတယ်။ Saturn မှာ Pixel 6 Pro ရဲ့ ဈေးနှုန်းကို မဖော်ပြထားသေးပါဘူး။ လာမယ့် ၂ ပတ်အတွင်းမှာ Google က Pixel 6 နဲ့ 6 Pro ရဲ့ သတင်းအချက်အလက်တွေကို အသေးစိတ် ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena