Google က လာမဲ့အောက်တိုဘာလဆန်းမှာ Android 12 stable version ကို ဖြန့်ချိလာနိုင်ပါတယ်။ Google Pixel 6 စီးရီးကိုလည်း လာမဲ့ဆောင်းဦးရာသီမှာ ကြေညာမယ်လို့အသိပေးထားတာကြောင့် ဒီ Flagship တွေကို တရားဝင်မြင်တွေ့ရဖို့ သိပ်မလိုတော့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် Google Pixel 6 နဲ့ 6 Pro တွေရဲ့ ဓါတ်ပုံတွေဟာ Reddit အပါအဝင် နေရာတိုင်းလိုလို ပျံ့နှံ့နေပါပြီ။ လိုနေတာက တရားဝင်မိတ်ဆက်ပြီး ရောင်းချမဲ့အချိန်တစ်ခုပါပဲ။ အခုတော့ Google Pixel 6 စီးရီးဟာ NCC ကို ဖြတ်သန်းလာတာ တွေ့ရပါပြီ။ ပြောရရင်တော့ တရားဝင်မိတ်ဆက်ရက်က ပိုပြီးနီးကပ်လာပါပြီပေါ့။

FCC မှာမြင်တွေ့ရတာက GLU0G, G9S9B, G8V0U, GF5KQ, GB7N6, နဲ့ GR1YH ဆိုတဲ့ မော်ဒယ် ၆ မျိုးဖြစ်ပေမဲ့ Filing ကတော့ နှစ်ခုပါပဲ။ FCC ရဲ့ ထုံးစံအတိုင်း ဟန်းဆက်တွေရဲ့အသေးစိတ်အချက်အလက်တွေကို ဖော်ပြမထားပေမဲ့ Pixel 6 စီးရီးမှာ UWB (Ultra-wideband) နဲ့ Wi-Fi 6Eကို ထောက်ပံ့ထား ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ mmWave 5G နဲ့ UWB အထောက်အပံ့ဟာ မြင်တွေ့ရတဲ့ မော်ဒယ်အားလုံးမှာ ပါဝင်ခြင်းမရှိတာကိုလည်း တွေ့မြင်ရပါတယ်။ သြဂုတ်လအစောပိုင်းထွက်ထားတဲ့သတင်းအရ Pixel 6 စီးရီးမှာ Tensor Chip အသုံးပြုထားပြီး ကင်မရာပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေပြုလုပ်ထားမယ်လို့ သိရပါတယ်။ လာမဲ့အောက်တိုဘာ ဒုတိယလဝက်မှာတော့ တရားဝင်ကြေညာလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena