Google ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Flagship Pixel 7 Series ကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဆိုပါ Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေဟာ Google ရဲ့ အကောင်းဆုံးဖုန်းတွေအဖြစ် သတ်မှတ်ခံထားရသလို စျေးကွက်ထဲမှာလည်း အောင်မြင်မှုရရှိခဲ့တဲ့ ဖုန်းတွေဖြစ်ပါတယ်။

Google ကနေ ယခုနှစ်အစောပိုင်းမှာ စျေးပိုသက်သာတဲ့ Pixel 7a ဖုန်းကို ထပ်မံမိတ်ဆက်သွားဦးမှာဖြစ်ပြီး အခုလည်း Hands-on Video တစ်ခုက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ယခုပေါက်ကြားလာတဲ့ Hands-on Video ဟာ ဗီယက်နမ် Facebook Group တစ်ခုအတွင်းမှာပေါက်ကြားခဲ့တာဖြစ်ပြီး Google Pixel ဖုန်းတွေဟာလည်း ဗီယက်နမ်နိုင်ငံမှာထုတ်လုပ်နေတာကြောင့် မှန်ကန်တယ်လို့ ယူဆရပါတယ်။

အဆိုပါ Hands-on Video အရ Google Pixel 7a ဖုန်းဟာ မနှစ်တုန်းက Pixel 6a လိုမျိုး ဒီဇိုင်းနဲ့ပဲထွက်ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Display ပိုင်းမှာတော့ 90Hz Refresh Rate အထိ ထောက်ပံ့ပေးနိုင်တာကိုတွေ့ရပြီး Dual-SIM ကိုပါ ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

Pixel 7a ဖုန်းဟာ တခြား Pixel 7 Series ဖုန်းတွေလိုမျိုးပဲ Google ရဲ့ ကိုယ်ပိုင် Tensor G2 Chipset ကိုအသုံးပြုထားမှာဖြစ်ပြီး FHD+ Screen ၊ Dual Camera ၊ Wireless Charging Support အပြင် In-Display Fingerprint Sensor တွေပါဝင်မယ်လို့ သိရပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးပေမယ့် လာမယ့် ဧပြီလ သို့မဟုတ် မေလအတွင်းမှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena