Google ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Pixel 7 Series ဖုန်းတွေဖြစ်တဲ့ Pixel 7 နဲ့ Pixel 7 Pro ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် Google ကနေ လာမယ့်လပိုင်းအတွင်းမှာ Mid Range Pixel ဖုန်းအသစ်ဖြစ်တဲ့ Pixel 7a ဖုန်းကိုပါ မိတ်ဆက်လာတော့မှာပါ။

အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Google Pixel 7a ဖုန်းမှာ အသုံးပြုလာမယ့် Specification တွေကို သိလာရပြီဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ Developer တစ်ဦးဖြစ်တဲ့ Kuba Wojciechowski ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Pixel 7a ဖုန်းရဲ့ Camera Setup ပိုင်းအပြင် တခြားသော Feature တွေကိုပါ သိရှိခဲ့ရပါတယ်။

သူ့ရဲ့ ဖော်ပြချက်အရ Google Pixel 7a ဖုန်းဟာ Codename အနေနဲ့ “lynx” လို့ နာမည်ပေးထားပြီးတော့ Dual Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Dual Camera Setup ဟာ Sony IMX787 နဲ့ Sony IMX712 Sensor တွေဖြစ်တဲ့အတွက် Google အနေနဲ့ ယခင်တုန်းက သတင်းထွက်ရှိထာထးတဲ့ Samsung GN1 Sensor ကို အသုံးမပြုတော့ဘူးလို့ ယူဆရပါတယ်။

နောက်ထပ် Feature တွေအနေနဲ့ကတော့ Google Pixel 7a ဖုန်းဟာ Pixel A Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 90Hz Refresh Rate Display ပါဝင်လာမှာဖြစ်ပြီး Wireless Charging ကိုပါ ထောက်ပံံ့ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Wireless Charging အနေနဲ့ကတော့ 5W အထိပဲ အားသွင်းပေးနိုင်မှာပါ။

Ref – GSM Arena