Google ဟာ လာမယ့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ Pixel 8 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Google Pixel 8 Series ဖုန်းတွေမှာ Performance ပိုင်းအတွက် Google ရဲ့ ကိုယ်ပိုင် Tensor G3 Chipset ကို အသုံးပြုထားမှာပါ။

လက်ရှိအချိန်အထိ Google ရဲ့ ကိုယ်ပိုင် Tensor Series Chipset တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ Apple A Series Chip တွေအပြင် Qualcomm ရဲ့ Flagship Snapdragon Chipset တွေကို မမီတဲ့အတွက် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ အခုလည်း Tensor G3 Chipset ရဲ့ စွမ်းဆောင်ရည်ကို Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ ပေါက်ကြားလာခဲ့ပါတယ်။

Geekbench 5 မှာ ထွက်ပေါ်လာတဲ့သတင်းအရ Google Tensor G3 Chipset ဟာ Single-Core မှာ 1186 Points နဲ့ Multi-Core မှာ 3809 Points ပဲ ရရှိထားတာဖြစ်ပါတယ်။ အဆိုပါ ရလဒ်ဟာ လက်ရှိ တခြားသော Flagship Chipset တွေနဲ့ ယှဥ်ရင် တော်တော်အားနည်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာ Qualcomm Snapdragon 8 Gen 3 Chipset ဟာဆိုရင် Single-Core မှာ 1500 Points ဝန်းကျင်နဲ့ Multi-Core မှာ 5000 Points ဝန်းကျင်အထိ ရှိမှာဖြစ်ပါတယ်။

Google Tensor G3 ဟာ အခုလိုမျိုး စွမ်းဆောင်ရည်ပိုင်းအားနည်းနေတာက သတင်းထွက်ရှိထားသလို Samsung Exynos 2200 Chipset ကို အခြေခံပြီး ထုတ်လုပ်ထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Google ဟာ CPU ပိုင်းစွမ်းဆောင်ရည်ထက် တခြား AI နဲ့ NPU ပိုင်းစွမ်းဆောင်ရည်ကို ပိုမို အာရုံစိုက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် လက်တွေ့မှာ ဘယ်လောက်ထိ ကွာခြားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China