Google က ဒုတိယမျိုးဆက် Foldable ဖုန်းကို ကြေညာလိုက်ပြီး Pixel 9 Pro Fold လို့ အမည်ပေးထားပါတယ်။ ထောင့်စွန်းတွေကို လုံးဝန်းအောင် ပြုလုပ်ထားပြီး လက်ထဲမှာ မြဲမြံစွာ ကိုင်နိုင်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်မှာ လေးထောင့်ပုံ ကင်မရာ Island ထည့်သွင်းထားပြီး ဆေးတောင့်ပုံ Cutout ၂ ခုမှာ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ပါဝါနဲ့ အသံခလုတ်တွေကို ညာဘက်ခြမ်းမှာ ထည့်သွင်းထားပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Google Pixel 9 Pro Fold with instant discount and accessory pack - digitec

Pixel 9 Pro Fold ရဲ့ အပြင်ဘက် Display က 6.3” ဖြစ်ပြီး Display အထက် အလယ်မှာ Punch Hole Cutout ပါပါတယ်။ AMOLED Screen ဖြစ်ပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အတွင်းဘက်မှာ 8” Super Actua Flex Display တပ်ဆင်ထားပြီး 2152x2076p Resolution , 120Hz Refresh Rate နဲ့ 2700 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

Google Pixel 9 Pro Fold cameras just leaked — and they're underwhelming |  Tom's Guide

48MP Main , 10.5MP Ultrawide Angle နဲ့ 10.8MP Telephoto ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အတွင်းနဲ့ အပြင်ဘက် Screen မှာ 10MP ဆဲလ်ဖီး ကင်မရာ ၁ လုံးစီ ထည့်သွင်းထားပါတယ်။ ကင်မရာ Feature များစွာနဲ့ ဉာဏ်ရည်မြင့် Editing Feature တွေ ပါပါတယ်။

Tensor G4 Chipset မောင်းနှင်ထားပြီး လုံခြုံရေးအတွက် Titan M2 Chipset ပါပါတယ်။ 16GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပြီး 21W Wired, Wireless Charging ထောက်ပံ့တဲ့ 4,650mAh Battery ပါပါတယ်။ Android 14 မောင်းနှင်ထားပြီး OS Update ၇ နှစ်ရမှာပါ။ Gemini Nano ပါလာပြီး Magic Eraser, Pixel Screenshot, Add Me Function နဲ့ တခြား Feature များစွာ ပါပါတယ်။

Google Pixel 9 Pro Fold အတွက် Obsidian နဲ့ Procelain အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 256GB ကို ၁,၇၉၉ ဒေါ်လာနဲ့ 512GB ကို ၁,၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး စက်တင်ဘာလ ၄ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina