ဒီနှစ်နှောင်းပိုင်းမှာ ထွက်လာမယ့် Google Pixel 9 Series မှာ အရင် Pixel ဖုန်းတွေမှာ မပါတဲ့ စွမ်းရည် တစ်ခု ပါလာမှာပါ။ အဲဒါက ဂြိုလ်တု ဆက်သွယ်ရေး ဖြစ်ပါတယ်။

Google Pixel 9 CAD renders by 91mobiles

Pixel 9 မှာ Samsung Modem 5400 အသစ်ကို သုံးထားတဲ့အတွက် ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုနိုင်မှာပါ။ ဆယ်လူလာ လိုင်း မမိတဲ့ နေရာတွေမှာ ဂြိုလ်တု ဆက်သွယ်ရေးနဲ့ စာပို့နိုင်မှာပါ။ အစောပိုင်းမှာ T-Mobile ကနေပဲ အဲဒီဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပြီး SpaceX ရဲ့ Starlink “direct to cell” Network ကို အသုံးပြုထားမှာပါ။ အစောပိုင်းမှာ စာပဲ ပို့နိုင်မှာ ဖြစ်ပြီး ဖုန်းပြောလို့ မရသေးပါဘူး။

Pixel 9 ရဲ့ အရေးပေါ် စာပို့စနစ်ဟာ အရေးပေါ် ဌာနတွေကို လျှင်မြန်စွာ စာပို့နိုင်မှာ ဖြစ်ပါတယ်။ အဲဒါဟာ Apple ရဲ့ iPhone မှာ ပါတဲ့ Emergency SOS Feature နဲ့ ဆင်တူပါတယ်။

Google Pixel 9 Pro CAD renders by MySmartPrice

ဖေဖော်ဝါရီလမှာ Google က Android Device တွေအတွက် ဂြိုလ်တု ဆက်သွယ်ရေးရဖို့ AST SpaceMobile နဲ့ပူးပေါင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ AST SpaceMobile ဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ Cell Tower တွေ တည်ဆောက်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Google က Pixel 9 Series အပြင် နောက်မျိုးဆက် Pixel Fold မှာလည်း ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းပေးမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina