တက်ဘလက်တွေ ဆက်ထုတ်နေတဲ့ ကုမ္ပဏီအနည်းငယ်ထဲမှာ Samsung လည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလိုပဲ ဒီနှစ်မှာလည်း ဈေးနှုန်း မတူညီတဲ့ တက်ဘလက် အသစ်တွေကို ထုတ်လုပ်ရောင်းချမယ်လို့ ထင်ပါတယ်။ အခုတော့ Google Play Console Listing မှာ Samsung နောက်ထုတ်မယ့် စွမ်းရည်သင့် Galaxy Tab A8.4 (2020) ရဲ့ Specifications တွေ ထွက်ပေါ်လာပါတယ်။

နာမည်အတိုင်းပဲ အဲဒီ တက်ဘလက်မှာ ၈.၄ လက်မ 1200x1920p Resolution မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး Exynos 7904 SoC မောင်းနှင်ထားမှာပါ။ 3GB RAM ပါလာမှာ ဖြစ်ပြီး နောက်ဆုံးထုတ် Android 10 မပါလာဘဲ Android 9 Pie ပဲ ထည့်သွင်းထားမယ်လို့ ဖော်ပြထားတဲ့အတွက် အံ့အားသင့်စရာ ကောင်းပါတယ်။

Google Play Console Listing မှာ အဲဒီ တက်ဘလက်ရဲ့ Specs အပြည့်အစုံ မထွက်လာသေးပါဘူး။ အဲဒီထဲမှာ Storage နဲ့ ဘက်ထရီ ပမာဏ၊ အရှေ့နဲ့ အနောက်ကင်မရာတွေ ပါဝင်ပါတယ်။ တက်ဘလက်ကို ကြေညာမယ့်အချိန်ကို မသိရသေးပေမယ့် လာမယ့် လတွေအတွင်းမှာ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေကို ပိုပြီးသိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina